Thursday, June 5, 2008

ကျေးဇူး

တစ်ခါက ဘုရားသခင်ဟာ နတ်သားနှစ်ပါးကို ခြင်းတစ်လုံးစီပေးပြီး လူ့ပြည်ကို
စေလွတ်ခဲ့တယ်။ လူတွေတောင်းဆိုသမျှကို ခြင်းထဲထည့်ယူခဲ့ဖို့ ပထမနတ်သားကို
မှာကြားပြီး နောက်နတ်သားတစ်ပါးကို လူတွေပေးတဲ့ ကျေးဇူးကို ထည့်ယူခဲ့ဖို့
မှာလိုက်တယ်။

လူတွေတောင်းဆိုတာကို ကောက်ယူရမဲ့ခြင်းဟာ ခဏလေးပြည့်သွားတာကြောင့်
ပထမနတ်သားဟာ ကောင်းကင်ဘုံကို အမြန်ပြန်ခဲ့ရတယ်။ ဒါပေမယ့်
လူတွေရဲ့ကျေးဇူးကို ကောက်ယူမယ့်ခြင်းက နေ၀င်မိုးချုပ်တဲ့အထိ
မပြည့်နိုင်ဖြစ်နေခဲ့တယ်။

လူတွေဟာ လိုချင်တောင့်တမှုတွေ များနေပေမယ့် ကျေးဇူးတင်ဖို့ကိုတော့
မေ့နေတတ်ကြတယ်။ ခုချိန်ကစပြီး ကျေးဇူးတင်သင့်တာတွေကို
ရေတွက်ကြည့်မယ်ဆိုရင် နေ့တစ်နေ့မှာ ကျေးဇူးတင်သင့်တဲ့အရာ များစွာရှိတာကို
သတိပြုမိလာပါလိမ့်မယ်။
from Nine Nine SaNay

No comments: