ဝဋ်ကြွေး
ကမ်းလင့်ခဲ့သော အကြင်နာလက်တို့
ယုံစားအားကိုး မှီတွယ်လေသော်
အသူရာချောက်နက် တွန်းချပို့၍
အမှောင်နယ်တွင်း ကယ်သူမဲ့ဝေး
ခွန်အားမဲ့အဖြစ်။
ကမ်းလင့်လေသော လက်သစ်အစုံ
ကြင်မလိုရယ် ဟန်ဆောင်ပိုကာ
ရေနစ်သူကို ကူတဲ့ဝါးရယ်
မြုပ်ခဲ့လေသော ဘ၀တစ်ခုမှာ
ကံသစ်ကိုမယူ အဟောင်းအကြေဆပ်လို့
မျက်ရည်အပူ အဖော်ပြုရင်း
မနွမ်းဘယ်သူရှိလိမ့်မယ်။ ။
သက်
No comments:
Post a Comment