မျက်ကန်းချစ်
လူသားနှစ်ဦး ချစ်ဆိပ်ရည်တက်နေတဲ့ အချိန်မှာ သူတို့စိတ်ထဲမှာ ထင်ကျန်နေစေမယ့် အာရုံတွေအတွက် သူတို့ရဲ့ အကောင်းဆုံးအာရုံတွေ၊ အကျင့်စရိုက်အသွင်အပြင်လက္ခဏာတွေကို တစ်ယောက်ကိုတစ်ယောက် ပြသဖို့ချည်း ကြိုးစားတတ်ကြပါတယ်။
အချစ်က ချစ်ရည်လူးနေသူနှစ်ဦးကို မျက်ကန်းတစ္ဆေဖြစ်စေရုံသာမက တစ်ယောက်ကိုတစ်ယောက် သဘာဝတရားရဲ့ အမှောင်ဘက်ခြမ်းမှာ လုံးလုံးလျားလျား မေ့ပစ်လွယ်မှုတွေ ဖြစ်ပေါ်စေပါတယ်။ တကယ်တော့ တစ်ယောက်ကိုတစ်ယောက် စံချိန်မီတဲ့ အရည်အချင်းတွေနဲ့ပဲ စွဲမက်ဖွယ်ရှိအောင် ကြိုးစားသင့်ပါတယ်။ ချစ်ရည်ထဲ နစ်သွားကြပြီဆိုရင်တော့ ချစ်သူနှစ်ဦးဟာ တစ်ယောက်ကိုတစ်ယောက် ကိုယ့်အရှိအတိုင်း အခြားတစ်ဦးကို ထုတ်ဖော်ပြသပါလိမ့်မယ်။
တကယ့်စစ်မှန်တဲ့ အချစ်နဲ့ ချစ်နေသူတစ်ဦး အနေနဲ့ကတော့ ကိုယ့်ချစ်သူ ဂုဏ်သိက္ခာကျဆင်းစေမယ့် အမှောင်ဘက်ခြမ်းက ပြဿနာတွေ၊ ဖြစ်ရပ်တွေကို ထုတ်ဖော် ပြောဆိုမှာ မဟုတ်ပါဘူး။ အချို့ချစ်သူတွေက ရေရှည်မျှော်တွေးပြီး ပြဿနာကို ချောင်ထိုးပစ်တတ် ကြပါတယ်။ ပြသဖို့ချည်း ကြိုးစားတတ်ကြပါတယ်။
အချို့ချစ်သူကျပြန်တော့ ချစ်ရည်လူးမိပြီဆိုရင် လက်ထပ်ပြီးရင်ပြုပြင်သွားမှာပဲဆိုတဲ့ မျှော်လင့်ချက်နဲ့ ချစ်သူရဲ့ အနာအဆာတွေကို မေ့တတ်လျှော့တွက်ထားတတ်ကြသလို နောက်တစ်မျိုးအနေနဲ့ အချစ်ဟာ အခြား အရာအားလုံးကို အောင်နိုင်တယ်ဆိုပြီး အပြစ်အနာအဆာများတဲ့ ချစ်သူနဲ့ လက်တွဲရှင်သန်တတ်ကြပြန်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် လက်ထပ်ပြီးတဲ့အခါမှာတော့ ချစ်သူဘ၀က မက်ခဲ့တဲ့ ပန်းနုရောင်အိမ်မက်လှလှလေးတွေ အားလုံးပျက်သုဉ်းသွားစေပြီး တစ်ယောက်ကိုတစ်ယောက် ကိုယ့်ရဲ့ ပင်ကိုဗီဇစရိုက်တွေကို ဖော်ထုတ်ပြသလာ တတ်ကြပါတယ်။
အဲဒီနောက်မှာတော့ အပြန်အလှန် စိတ်ပျက်အားငယ်မှုတွေဟာ အချင်းချင်း တစ်ယောက် ယောက်ရဲ့ လျှို့ဝှက်ပြီး အတွင်းကျတဲ့ အနာအဆာတွေကို အခြားတစ်ယောက်က လူသိရှင်ကြား ထုတ်ဖော် ပြောဆိုလာပါတော့တယ်။ ဒါဟာ မျက်ကန်းချစ်တွေရဲ့ ရလာဒ်စတင် ပျံ့နှံ့လာခြင်းပါပဲလေ။

သက်
No comments:
Post a Comment