အမေ့ရင်ခွင့် နှင့် ၀မ်းစာရှာချိန်
အမေရဲ့ မေတ္တာအရောင်ဟာ ပုလဲရောင်ထက် တောက်ပပါသည်။ အမေရဲ့အကြင်နာနို့ရည်ဟာလည်း အတိုင်းအဆမဲ့ အေးမြချိုမြိန်တဲ့ နို့ရည်ဖြစ်ပါသည်။ ကျွန်မ အမေရဲ့ အကြင်နာနို့ရည်သောက်သုံးဖို့ တအီ…. အီ ငိုကြွေးရင်း အမေ့ရင်ခွင့်ထဲ မှာ ကလေးဘ၀က အဲဒီလို ပြုံးတလှည့် ငိုတမဲ့ မျက်နှာပေးနဲ့ ပပ်ချွဲ နပ်ချွဲ လုပ်ပြီး မျက်ရည်တွေကလည်းဝဲလျက်နဲ့ အမေကို နားပူနာဆာလုပ်ပြီး ကျွန်မ ၀မ်းစာရှာခဲ့ဘူးပါသည်။ ကျွန်မ ကလေးဘ၀တည်းက မေတ္တာစေတနာတွေကို နားလည် တတ်အောင် အမေကပဲ သင်ပေးခဲ့ပါသည်။
မိဘနှင့် ဝေးနေရတဲ့အချိန်မှာ မိမိကိုယ်ကိုယ်မိမိ မစောင့်ရှောက်နိုင်ရင် မိမိမှာသာ အကျိုးမဲ့မှုများစွာ ရှိနေပြီး မိဘကိုယ်လည်း ရိုက်ခတ်မှုများစွာ ဖြစ်ပေါ်နိုင်ပါသည်။ ``သားသမီးမကောင်း၊ မိဘခေါင်း´´ ဆိုသည့်စကားပုံအတိုင်း မိမိမလိမ္မာလျှင်၊ မိမိအမှားတစ်စုံတစ်ရာ ပြုလုပ်မိလျှင် မိမိကိုယ်ကို ထိခိုက်မှာက နည်းနည်းဖြစ်ပြီး မိဘကို ထိခိုက်မိသည်ကများပါသည်။ ဒါကြောင့် မိန်းကလေးအများစုသည် မိခင်နှင့် လက်ပွန်းတတီးနေသည်ကများပြီး မိခင်ကို ဆိုးတိုင်ပင်၊ ကောင်းတိုင်ပင် တတ်ကြပြီး မိခင်က အဆုံးအဖြတ်ပေးသည့် လမ်းကြောင်းမှန်ကိုသာ လိုက်တတ်ကြပါသည်။
မိခင်၏ အရိပ်အာဝါသ အောက်မှနေပြီး အခုလိုမျိုး မခွဲစဖူး ခွဲထွက်လာတဲ့အချိန်မျိုးမှာ သတိကြီးစွာ ထားတတ်ကြဖို့လိုပါသည်။ ကိုယ့်အပေါ်ကို မိခင်ကလွဲပြီး ဘယ်သူကောင်းနိုင်အုံးမှာလဲ။ သို့ဖြစ်သောကြောင့် အရာရာတိုင်း မိဘကို တိုင်ပင်တာ အကောင်းဆုံးဖြစ်ပါသည်။ မိဘက အမြဲတမ်း ကိုယ့်အတွက် အရာရာတိုင်း လုပ်ပေးနိုင်တဲ့ ကျေးဇူးရှင်ကြီးတွေဖြစ်သာ ဖြစ်ပါသည်။ ဒီလိုပဲ ကျွန်မတို့ အရွယ်ရောက်တော့ ကိုယ့်ဘ၀ ကိုယ့်လမ်းပေါ် ကိုယ်လျှောက်လှမ်းရင်း ၀မ်းစာရှာခဲ့ကြ ရပါသည်။ ကိုယ့်ဘ၀ ကိုယ့်လမ်း လျှောက်လှမ်းရင်းနဲ့ ငို ရီ မဲ့ ပြုံး ရုန်းကန်ရင်း ၀မ်းစာရှာချိန်မှာ ဒုက္ခတွေများလွန်လို့ ၀မ်းရေးအခက်တွေ့နေရရင် အမေ့ရင်ခွင် ပြေးမြင်မိတယ်…. ´´အမေ``….

ခိုင်ဇင်
No comments:
Post a Comment