ပေးဆပ်ခြင်း
မဖြစ်နိုင်မှန်း သိနေလို့
ဆန္ဒကို မြိုသိပ်
မျှော်လင့်ချက်ကို
ရင်ဘတ်ထဲသိမ်းဆည်းထားတာတောင်
အမှတ်မရှိတဲ့ နှလုံးသားနဲ့
မင်းရှေ့မှောက်
ဒူးထောက်ခဲ့ရတာ အကြိမ်ကြိမ်။
ရှိပါစေတော့လေ
မျက်ဝန်းက ငါ့မျက်ရည်
မင်းနှလုံးသားကို
အေးမြစေမယ်ဆိုရင်
ငါ တိတ်တခိုး ငိုကြွေးနေပါ့မယ်။
သက်
No comments:
Post a Comment