Friday, October 3, 2008

Perfect Worker

(၁) မည်သည့်အရာများ လုပ်ဆောင်သင့်သည်ကို ရှာဖွေကြံဆလုပ်ဆောင်တတ်သူ၊

(၂) လွတ်လပ်စွာ တွေးခေါ်ပြီး အလုပ်ကို ကျားကုတ်ကျားခဲ လုပ်တတ်သူ၊

(၃) လုပ်ဖော်ကိုင်ဖက်များနှင့် ဟေးလေးဟားလား နေထိုင်အချိန်ဖြုန်းလေ့မရှိသူ၊

(၄) လုပ်ဖော်ကိုင်ဖက်များကို အလုပ်နှင့် ပတ်သက်၍ မည်သို့ ၀ိုင်းဝန်း

ကူညီပေးရလျှင်ကောင်းမည်လဲဟု စဉ်းစားလုပ်ဆောင်လေ့ရှိသူ၊

(၅) ပေးအပ်သမျှ လုပ်ငန်းတာဝန်ကို အချိန်မီပြီးအောင် ဆောင်ရွက်တတ်သူ၊

(၆) အချန်မီရန်သာမက ပြည့်စုံမှုရှိရန်ပါ ဦးစားပေးဆောင်ရွက်တတ်သူ၊

(၇) အလုပ်နှင့် ပတ်သတ်လာလျှင် ခေါင်းခါလေ့မရှိသူ၊

(၈) အလုပ်နှင့် ပတ်သက်၍ မာနကြီးသူ၊

(၉) အလုပ်နှင့် ပတ်သက်၍ ကျွမ်းကျင်နှံ့စပ်မှုရှိသူ၊

(၁၀) `စံ´မီ အရည်အသွေးများဖြင့် တာဝန်ခံဆောင်ရွက်နိုင်စွမ်းရှိသူ၊

(၁၁) လုပ်ဖော်ကိုင်ဖက်များကို အပြန်အလှန်လေးစားသမှုရှိသူ၊

(၁၂) အလုပ်ကို စီမံခန့်ခွဲတတ်သူ၊

(၁၃) တတ်စွမ်းသမျှနှင့် အကောင်းဆုံးဖြစ်အောင် အားထုတ်လုပ်ကိုင်လေ့ရှိသူ၊

(၁၄) မိမိအတွက် အကျိုးအမြတ်မမျှော်ကိုးဘဲ အလုပ်လုပ်တတ်သူ၊

ဂျာနယ်တစ်စောင်မှ ကူးယူဖော်ပြသည်

ဇော်ဖြိုး

No comments: