Wednesday, February 13, 2008

မချစ်တတ် မမှန်းတတ်တဲ့သူ

လောကမှာ သတ္တ၀ါတိုင်း မချစ်တတ်တဲ့သတ္တ၀ါရယ်လို့ မရှိပါဘူး။ တိရိစ္ဆာန်လည်း တိရိစ္ဆာန်အလျှောက် ချစ်တတ်သလို လူတွေလည်း လူ့သဘာဝအတိုင်း ချစ်တတ်ကြတာပါပဲ။ ဒီလိုပဲ ဒေါသနဲ့ ယှဉ်တဲ့ အမုန်းကလည်း စိတ်ကို ဆင်းရဲစေတယ်။ ဒါတွေကို ဘယ်လိုစိတ်နဲ့ယှဉ်ပြီး ချစ်ရင်၊ မုန်းရင် စိတ်ချမ်းမြေ့မယ်ဆိုတဲ့ အဖြေကို အရှင်ဆန္ဒာဓိကရဲ့ ``မချစ်တတ် မမုန်းတတ်တဲ့သူ´´ စာအုပ်မှ ကောက်နုတ်ချက်လေးကို ကူးယူဖော်ပြလိုက်ပါတယ်။


သက်ရှိ သက်မဲ့

ဘယ်အရာကိုမဆို

တဏှာနဲ့ချစ်ရင်

စိတ်ပူလောင်ရတယ်

သဒ္ဒါမေတ္တာနဲ့ ချစ်ရင်

စိတ်ချမ်းသာရတယ်

ဒေါသနဲ့မုန်းရင်

စိတ်ဆင်းရဲရတယ်

သတိဉာဏ်နဲ့ မုန်းရင်

စိတ်ချမ်းသာရတယ်

တဏှာနဲ့ မချစ်တတ်တဲ့သူ

ဒေါသနဲ့ မမုန်းတတ်တဲ့သူ

ဘ၀တိုင်းဖြစ်ပါရစေ


friendgroup

No comments: