Wednesday, June 4, 2008

စေတနာသည် လူတိုင်းနှင့်မတန်

စေတနာကောင်းလျှင် ကံကောင်းမည်တဲ့၊ ကိုယ့်စေတနာ ကိုယ်အကျိုးပေးမည်တဲ့၊ ဘယ်အချိန်ကျမှ အကျိုး ပေးမှာလဲ၊ စေတနာသည် မိမိ၏ စိတ်ကောင်းရှိမှု၊ ကိုယ်ကျိုးစွန့်မှု၊ အနစ်နာခံမှုများနှင့် ဆိုင်ပါသည်။ လူတစ်ဦး တစ်ယောက်အပေါ် ခင်မင်မိရုံ၊ သံယောဇဉ် တွယ်တာမိရုံဖြင့် ထိုသူအတွက် ဖြည့်ဆည်းပေးရန် ၀န်မလေးကြ ပေ။ မိမိတတ်နိုင်သလောက် ဖြည့်ဆည်းပေးတတ်ကြပါသည်။ သို့ပေမယ့် စေတနာသည် လူတိုင်းနှင့်မထိုက် တန်ပါ။
မိမိက စေတနာထားသလောက်၊ ကိုယ်ကျိုးစွန့် အနစ်နာခံပြီး လုပ်ကိုင်ပေးသလောက် လျစ်လျူရှုပြီး အမှုမဲ့၊ အမှတ်မဲ့ နေတတ်သူများလည်း ရှိပါသည်။ ကျေးဇူးရှင်ကို စော်ကားသူများလည်း ရှိပါသည်။ မိမိလုပ် ပေးလိုက်သော အရာရာတိုင်းသည် သူ့အတွက် အကျိုးရှိသွားပေမယ့် မိမိကို ဘယ်တော့မှ အကောင်းမမြင် ဘဲသူလုပ်ချင်တာ လုပ်တတ်ပါသည်။ သူ့အတွက် အချိန်တိုင်း ဖြည့်ဆည်းပေးခဲ့ပါသည်။ ဒါပေမယ့် အရာ မထင်ခဲ့ပါ။ အခါပေါင်းများလာသောအခါ မိမိသည် သူ့ကို စိတ်ပျက်၊ စိတ်ကုန်လာပါသည်။ ထိုသူသည် ကျွဲပါးစောင်းတီးသကဲ့သို့ ဖြစ်လာသည်။ မိမိကို အရွဲ့ပို၍တိုက်လာပါသည်။ ကောင်းစေချင်လို့ ပြောတာလား၊ ဆိုးအောင်လို့ ပြောတာလားဆိုတာကို ဦးနှောက်နှင့် မစဉ်းစားဘဲ ထင်ရာစိုင်းတတ်လာပါသည်။ တစ်နေ့ တစ်ခြား ပို၍ပင် ဆိုးလာပါသည်။ ကိုယ်က စေတနာထားသလောက် သူ့၏ တုံ့ပြန်မှုက ပြင်းထန်းလှပါသည်။ ကိုယ်ရဲ့ စေတနာကိုသိလျှင် တော်ပါပြီ၊ ပြန်ပေးဆပ်ရန် မလိုပါ။ မိမိ၏ စေတနာကို ထိုသူသည် နားလည်ပြီး သူရှေ့ဆက်လျှောက်ရမယ့် ဘ၀ခရီး ချောမွေ့ကောင်းမွန်သွားလျှင် ကျေနပ်ပါသည်။ ဒါပေမယ့် လူဆိုတာမျိုး ဟာ ကိုယ်မှန်တယ်ထင်တဲ့အရာကို လုပ်တတ်ကြတာ ဓမ္မတာပါပဲလေ။ ဗီဇဆိုတာ ပြင်လို့မှမရတာ။ သို့ပေမယ့် တတ်နိုင်သမျှ အနည်းနဲ့အများ ပြုပြင်သွားနိုင်ရင် ထိုသူ၏ အနာဂတ် လှပလာပါလိမ့်မယ်လို့ တွေးထင်မိပါတယ်။ ကျွန်မကတော့ လူတိုင်းအပေါ် စေတနာထားနိုင်သလောက် လုပ်ပေးနိုင်သလောက် လုပ်ပေးသွားမှာပါပဲလေ။ စေတနာမှန်လျှင်တော့ ကျွန်မသည် စေတနာရဲ့ အကျိုးကျေးဇူးကို ခံစားရမှာပါလို့ စိတ်ထဲခံယူရင်းနဲ့ ထိုသူရဲ့ အနာဂတ်လေးလှပအောင် လုပ်ပေးချင်ပေမယ့် အတိုင်းအတာတစ်ခုကို ကျော်လွန်သွားပြီဖြစ်လို့ သူ့ရဲ့ ကံကြမ္မာကိုပဲ စောင့်ကြည့်ရတော့မှာပါပဲလေ။ သူ့ကိုလည်း ဆုမွန်ကောင်း တောင်းပေးနေပါတယ်။ သို့ဖြစ်၍ သူငယ်ချင်းများ အားလုံးကလည်း ကျွန်မကဲ့သို့ တွေ့ကြုံလာရတဲ့အခါ သည်းခံနိုင်တဲ့အချိန်ထိ သည်းခံပြီး ထိုသူ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ကြပါစေ၊ စေတနာထား နိုင်ကြပြီး စေတနာရဲ့ အကျိုးကို ခံစားနိုင်၍ စိတ်၏ ကျန်းမာခြင်း၊ ကိုယ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံကျပါစေလို့။
သက်

No comments: