ဒုက္ခဆိုတာ ဘဝ
စင်စစ်သော်ကား ဘ၀နှင့် ဒုက္ခသည် အခေါ်သာ ကွဲ၏။ အဓိပ္ပာယ်ကတော့ အတူတူပင်ဖြစ်သည်။ ဘ၀က တခြား၊ ဒုက္ခကတခြား မဟုတ်ပေ။ ဒုက္ခဆိုသည်မှာ ဘ၀ပင် ဖြစ်သည်။ ဘ၀ရှိလျှင် ဒုက္ခရှိသည်။ ဘ၀ရှိနေသရွေ့ ဒုက္ခရှိနေရမည်ဖြစ်သည်။ လူသည် ဘ၀သံသရာ ရှည်ကြာနေ သေးသရွေ့ ဒုက္ခသံသရာ ရှည်ကြာနေရဦးမည် ဖြစ်သည်။
သို့ဖြစ်ရကား ဒုက္ခမှ လွတ်မြောက်လိုသူသည် ဘ၀မှ လွတ်မြောက်အောင် လုပ်ရန်မှတစ်ပါး အခြားမရှိတော့ပေ။ ဒုက္ခကိုတော့ မလိုချင်၊ ဘ၀ကိုတော့ ခုံမင်တွယ်တာနေ၏ဟု ဆိုလျှင် ယင်းသည် အမြီးအမောက် မတည့်သော ဆန္ဒဖြစ်၏။
မအိုမီ မနာမီ မသေမီ (အရှင်အာစာရ)၏ စာအုပ်မှ ကောက်နုတ် ရေးသားဖော်ပြထားခြင်း ဖြစ်ပါသည်။

သက်
No comments:
Post a Comment