ချစ်ခြင်းနှင့် ခင်ခြင်းမှာ ဒုက္ခအပေးဆုံးအရာဟာ…သံသယပါ
သူငယ်ချင်းတို့ အတွက် ရေးသားဖော်ပြလိုက်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်ကြတယ်ပဲ ထားပါတော့။ ကြားထဲမှာတော့ အနှောင့်အယှက် ဖြစ်တတ်တာ သဘာဝပဲပေါ့။ တစ်ယောက်နဲ့ တစ်ယောက် ယုံယုံကြည်ကြည် နေတတ်တာ အကောင်းဆုံးပါပဲ။ တစ်ယောက်အပေါ် တစ်ယောက်က ယုံကြည်မှုမဲ့နေရင် ဘယ်လို ရှေ့ဆက် ချစ်ခင် နိုင်ကြတော့မှာလဲ။ သူငယ်ချင်းတို့ကြားထဲမှာ ချစ်ခြင်းရဲ့ ဒုက္ခအပေးဆုံး အရာဟာ သံသယပါ။ ဒီတော့ တစ်ခုခုကို သံသယ မဖြစ်အောင် တစ်ယောက်နဲ့တစ်ယောက် ဘယ်တော့မှ သံသယ မထားတာ အကောင်းဆုံး အရာပါပဲ။ အဲဒီလိုသာ သံသယ ဖြစ်နေရင် သူငယ်ချင်းတို့ ကြားထဲမှာ ဘယ်လိုမှ ရေရှည် မဖြစ်နိုင်ပါဘူး။ သံသယ ဆိုတာ အမြဲတမ်း ထားဖို့ မတန်တဲ့ အရာ တခုပါ။ ဒီတော့ သူငယ်ချင်းတို့လည်း ကိုယ့်ချစ်တဲ့ ခင်တဲ့ လူတိုင်းကို သံသယ မျက်လုံးများနဲ့ မကြည့်မိစေပါနဲ့လို့ ပြောပြ လိုက်ပါတယ်။
သံသယပါ…
ဒီတော့…
တစ်ခုခုကို သံသယဖြစ်ရင်…
ဘာသံသယပဲဖြစ်ဖြစ်…
သူငယ်ချင်းတို့ ချစ်တဲ့ ခင်တဲ့ လူကို ဖွင့်မေး…
သူငယ်ချင်းတို့ကလည်း ပွင့်လင်းပေါ့…
ရှင်းပြတာကို ဆုံးအောင်နားထောင်…
ခွင့်လွှတ်နိုင်ရင် ခွင့်လွှတ်လိုက်
ခွင့်မလွှတ်နိုင်ရင် …
နောက် မလုပ်ရဘူးလို့ ပြောလိုက်ပေါ့နော်…
ခိုင်သဇင်
No comments:
Post a Comment