လူငယ်များနှင့် ပန်းပုံပြင်
ပန်းဝယ်သူတစ်ယောက်သည် ပန်းဆိုင်တစ်ဆိုင်တွင် ပန်းဝယ်ယူရာ ကျပ်ငွေ တစ်ရာဖိုးကို ပန်းဆယ်ပွင့်ရသည်။
ရှေ့ခရီးဆက်ရင်း ပန်းဝယ်ယူသည့်အခါ ကျပ်တစ်ရာဖိုးကို ပန်းဆယ့်ငါးပွင့် ရရှိ၏။
နောက်တစ်ဖန် ရှေ့ခရီးဆက်ရင်း ပန်းထပ်မံ ၀ယ်ယူပြန်သည်။ ထိုတွင် ကျပ်ငွေ တစ်ရာ့ငါးဆယ်ဖိုး ၀ယ်ယူသည့်အခါ ပန်းအပွင့်နှစ်ဆယ် ရရှိပေသည်။
ရှေ့ခရီးဆက်လေ ပန်းပွင့်အရေအတွက်သည် တိုး၍ တိုး၍ ရရှိလေဖြစ်ပေသည်။
ဤသို့သော ပန်းပုံပြင်ပမာပင် ရည်မှန်းချက်လေး အတန်အသင့်ပြည့်ရုံမျှနှင့် မတင်းတိမ်ပါနှင့်ဦး၊ အချိန်ယူကာ ရှေ့ခရီးဆက်လိုက်ပါ။ ပန်းတွေ(၀ါ) အောင်မြင်မှုမှတ်တိုင်တွေ ပို၍ရရှိလာပါ လိမ့်မည်။ သို့ဖြစ်၍ အောင်မြင်မှုရစေဖို့ ခိုင်မာစေဖို့ ဆန္ဒမစောနှင့်ဦး။
ဖြစ်ချင်တာကဆန္ဒ၊ ဖြစ်သင့်တာက ဘ၀ဖြစ်သည်။ ဖြစ်သင့်သည်ကို ဦးစားပေးပါ။ သို့မှသာ မိမိရည်မှန်းချက်ပန်းတိုင်ကို အရောက်လှမ်းနိုင်ပြီး ဘ၀ရဲ့အခက်အခဲမျိုးစုံ၊ အဆင်မပြေမှုမျိုးစုံကို ကြုံတွေ့ ရမှုမှ လွင့်ပျောက်ပျယ်ပါလိမ့်မည်။
သက်
No comments:
Post a Comment