Tuesday, August 5, 2008

ကျေးဇူးတရား

ကိုယ့်ပေါ်ရှိဖူး၊ သူ့ကျေးဇူးကို

အထူးသိတတ်၊ မြဲမြဲမှတ်လို့

လိုအပ်သူမှာ၊ ရှိခဲ့ပါမူ

ဖြည့်ခါပေးအပ်၊ တုံ့ပြန်ဆပ်လို့

မြင့်မြတ်နှလုံး၊ သူတော်ထုံးကို

ကျင့်သုံးပြုပါဆွေသဟာ။

သူ့ပေါ်ရှိဖူး၊ ကိုယ့်ကျေးဇူးကို

ရင့်ကျူးထုတ်ဖော်၊ ပြန်မမျှော်နှင့်

မလျော်သင့်ဘူး၊ စိတ်ရည်စူးကာ

အထူးမေ့အပ်၊ အသိကပ်လို့

မြင့်မြတ်မေတ္တာ၊ စေတနာနှင့်

သဒ္ဓါရောယှက်၊ ကြင်နာဖက်၍

ပေးဆပ်ကူပါ၊ ဆွေသဟာ
သင့်မှာကိုယ်စိတ်ကျန်းမာမည်။

သက်

No comments: