အိပ်မက်
ဖျတ်ကနဲ လက်သွားတဲ့ မျက်ဝန်းတစ်စုံ
နွေးထွေးတဲ့ အပြုံးနဲ့ နှုတ်ခမ်းတစ်ခု
လှပတဲ့ ညနေခင်းတွေ မလိုအပ်ပါဘူး
အရိပ်လေးတစ်ခု အရောင်လေး တစ်စလောက်ရှိရင်ပဲ ကျေနပ်ပါတယ်
မိုးသည်းတဲ့ လမ်းပေါ်မှာ အတူတူ စိုရွှဲချင်တယ်
ကော်ဖီအတူတူ သောက်လို့ စကားတွေ ပြောနေချင်တယ်
လေပြေအဝှေ့မှာ ဆံနွယ်ရနံ့လေး ရချင်တယ်
လက်ချင်းချိတ်လို့ ကမ္ဘာပေါ်မှာ နှစ်ယောက်တည်း
အတူ ယှဉ်တွဲလို့ပေါ့
ရိုမီယိုလိုလည်း ငါမချစ်တတ်ပါဘူး
နတ်ရှင်နောင်လိုလည်း ငါမလွမ်းတတ်ပါဘူး
ဒါပေမယ့် သူတို့ရဲ့ အချစ်တွေထက်သာတာ
ငါ သက်သေပြချင်ပါရဲ့
ငါ့ရင်ထဲက အချစ်တွေ ထုတ်မပြတတ်တာ
ငါ့ရဲ့ အားနည်းချက်တွေပဲလား
စကားလုံးတွေ ဆင်းရဲနေတာ တစ်ညလုံးပါပဲ
ဒါဟာ မှားယွင်းမှုဆိုရင်တောင်မှ အပျော်ဆုံးဆိုတာ
အမှန်တရားပါ
ငါ့အိပ်မက်ကနေ မနိုးပါရစေနဲ့ဦး
ဇော်ဖြိုး
No comments:
Post a Comment