နိယာမ
ပန်းကလေးတွေ
ဆင်းရွှေလှပ၊ လန်းဆန်းကြလျှင်
ခူးကြချူကြ ပန်းဆင်ကြနှင့်
ပန်းဝတ်ထုံလွှာ၊ ကြိုင်လှိုင်စွာဖြင့်
လေမှာဆောင်ကြဉ်း၊ နံ့သာသင်း၍
သတင်းဂုဏ်လျှမ်း၊ ထူးသစ်ဆန်းလျှင်
နမ်းချင်သူနှင့် မွှေးသူနှင့်။
ပန်းတို့ဖူးပွင့်၊ အရွယ်ရင့်၍
ပွင့်လွှာကြွေကျ၊ ညှိုးနွမ်းရလျှင်
စွန့်ကြပစ်ခွာ၊ မကြင်နာဘဲ
နံ့သာကုန်ဆုံး၊ ၀တ်ရည်တုံးမှ
မက်လုံးမထား၊ ကျောခိုင်းသွားကြ
စိမ်းကားရက်စက် လှတကား။
ယု
No comments:
Post a Comment