Monday, November 3, 2008

တွေးမိတာလေးများ

ပြီးခဲ့တဲ့ တစ်ရက်က ကျွန်တော်တို့ အဆောင်ရှေ့လမ်းပေါ်မှာ ယောက်ျားလေး တစ်ယောက်နဲ့ မိန်းကလေး တစ်ယောက် ရင်းရင်းနှီးနှီးပုံစံနဲ့ လမ်းလျှောက်ရင်း စကားပြောသွားကြတာကို မြင်လိုက်ရတယ်။ သူတို့ ကြည့်ရတာ သမီးရည်းစားတွေ ဖြစ်ပုံရတယ်။ တကယ်လို့ သမီးရည်းစားဆိုရင်လည်း ချစ်ကြိုက်ခါစ သမီးရည်းစားတွေ ဖြစ်ရမယ်။ ဒါမှမဟုတ် သူငယ်ချင်းတွေ ဆိုရင်လည်း မကြာခင် သမီးရည်းစား ဖြစ်မယ် ပုံပါ။
ဟိုရှေးတုန်းက ကျွန်တော်တို့ရဲ့ ဘိုးဘွားကြီးတွေက သူတို့ရဲ့ ချွေးမလောင်းကို ရွေးတော့မယ်ဆိုရင် ငရုပ်သီး ထောင်းခိုင်းကြတယ်။ မျက်စိထဲ ငရုပ်သီး ၀င်တယ်ဆိုရင်တော့ အဲဒီချွေးမလောင်းဟာ ရေးဖြေရော၊ နှုတ်ဖြေ စာမေးပွဲရော ကျပါရောတဲ့ဗျာ။
ဒီနေ့ခေတ်မှာတော့ ပညာခေတ်ဆိုတော့ ငရုပ်သီးထောင်းတာတွေ၊ ယက်ကန်းရက်တာတွေ ဘေးချိတ်လို့ သမီးက ဘာဘွဲ့ရထားတာလဲ? သမီးအဖေနဲ့ အမေက ဘာလုပ်သလဲ? စသဖြင့် မေးကြမယ် ထင်ပါရဲ့။

ကျော်

No comments: