Wednesday, November 26, 2008

တို့နှစ်ယောက်အတူ လျှောက်လှမ်းစို့

ဘ၀ရဲ့ အချိုးအကွေ့တိုင်းကို ဆန်းစစ်ရှာဖွေဖို့
ချစ် . . . တို့နှစ်ယောက် အတူ
လျှောက်လှမ်းစို့။

ပျော်စရာ ဘ၀ခရီးတစ်လျှောက်မှာ
ဘ၀ရဲ့အလှကို တို့နှစ်ယောက် အတူ ခံစားစို့။

ဝမ်းနည်းပူဆွေးစရာ ကြုံဆုံလာတဲ့အခါ
အပြန်အလှန် ထွေးပိုက်ရင်း
ချစ် . . . တို့နှစ်ယောက် အတူ
နှစ်သိမ့်ပျော်ရအောင် . . . ။

စိတ်ပျက်အားငယ်စရာ ကြုံဆုံလာတဲ့အခါ
အပြန်အလှန် ဖေးကူရင်း
ချစ် . . . တို့နှစ်ယောက် အတူ
ကြံ့ကြံ့ခံရအောင် . . . ။

ကြုံရမယ့် သောကတစ်ခုကို ထင်လင်း
သိသာသွားအောင်
ချစ် . . . ဟက်ဟက်ပက်ပက် တစ်ကြိမ်လောက်
ရယ်လိုက်နော်။

တကယ့် ပျော်ရွှင်ခြင်းဆိုတာကို
ချစ် . . . တစ်စက် မျက်ရည်ကျတဲ့အထိ
တို့နှစ်ယောက်အတူ ငိုရအောင်။
ဘ၀ရဲ့ ပျော်စရာတွေကို တို့နှစ်ယောက်အတူတူ
ထွေးပိုက်ထားစို့နော်။

ကမ္ဘာမြေလောကကြီး ရူးသွပ်ဖောက်ပြန် သွားတဲ့အခါ
ချစ်နှင့်တို့ ၀ိညာဉ်ချင်း ကူးယှက်ပြီး
တို့နှစ်ယောက်အတူတူ ငြိမ်းအေးခြင်းကို . . .
ရှာကြရအောင် . . . ။

ဒီဘ၀ ပြီးမြောက်ကုန်ဆုံးသွားတဲ့အထိ
အသည်းချင်း ပူးယှက်ပြီး
တို့နှစ်ယောက်အတူတူ ချစ်ကြရအောင်။

လမ်းဆုံးသွားရင်တော့ . . .
ရင်တွင်းစကားကို ပြောကြားနိုင်မယ်
မျှော်လင့်ပါတယ် . . .

အချစ်စစ်ရဲ့ အလှတရားကို တို့နှစ်ယောက်အတူတူ
သိပြီးပြီပဲ . . .
တို့နှစ်ယောက်ရဲ့ အချစ်ဟာ . . .
ဟိုး . . . ရင်တွင်းကနေ လာတာလေ . . . ။

သက်

No comments: