Friday, November 21, 2008

လတစ်စင်း၏``မာန်´´

ရိုးသားခြင်းကိုတပ်မက်

ဘ၀အတွက် ပေးဆပ်ခြင်းနဲ့

ရောက်ရှိလာတဲ့``အမေ´´

လှိုင်းထန်လေကြမ်း

ဘ၀လမ်းမှာ ဗေဒါလိုကြံ့ကြံ့ခံ

မာန်မချ ပြုံးအလှနဲ့

လောကကိုရင်ဆိုင် ယှဉ်ပြိုင်အနိုင်ယူခဲ့တဲ့``အမေ´´

သားသမီးတွေ

ဝမ်းခါးလှစေရန် စီးပွားရှာဇွေ

ပညာအမွေပေး

အေးမြတဲ့အရိပ်ကို ဖန်တီးပေးတဲ့``အမေ´´

ဆန်ရေကိုမမျှော် အရွယ်တော်တစ်ဆစ်ချိုး

အရိုးပေါ်အရေတင်

အားအင်ကုန်ခမ်း ဘ၀လမ်းမှာ

ပင်ပန်းသမျှ အတိုးချကာ

အနားယူပါတော့အမေ လို့ပြောတော့

``ဟဲ့..ကောင်မလေး ငါမအိုသေး´´တဲ့လေ

သြော်-အမေ ``မာန်မချသေးပါလား´´ ။ ။

ယု

1 comment:

Unknown said...

အမေ့ရဲ့သားသမီးအပေါ်ထားတဲ့မေတ္တာကိုကွက်ကွက်မြင်စေတဲ့ ကဗျာလေးတစ်ပုဒ်ပါပဲ။ တကယ်တော့ အမေ့ရဲ့ မေတ္တာကဘယ်အရာနဲ့မှ တုနှိုင်းမမှီပါဘူး။