Monday, December 1, 2008

အချစ်က ကိုယ့်ကို ငြင်းပယ်တယ်ဆိုရင်

အချစ်က ကိုယ့်ကို ငြင်းပယ်တယ်ဆိုရင်

နံနက်ခင်းက သူ့နှလုံးသားကို

ဘာကြောင့် သီချင်းတွေနဲ့ ဖွင့်ဆိုရတာလဲ

တောင်အရပ်က လေကလည်း

ရွက်နုသစ်တွေ ကြားထဲက

ဒီလို တီးတိုးစကားတွေကို

ဘာကြောင့် ကြဲဖြန့်ပေးနေရတာလဲ

အချစ်က ကိုယ့်ကို ငြင်းပယ်တယ်ဆိုရင်

သန်းခေါင်ယံက

ကြယ်ပွင့်တွေရဲ့ ဝေဒနာတွေကို

ဘာကြောင့် လွမ်းဆွတ်တိတ်ဆိတ်မှုနဲ့

ကြိတ်မှိတ်ခံစားနေရတာလဲ

ပြီးတော့ . . . . .

ရူးမိုက်တဲ့ ဒီနှလုံးသားက

အဆုံးမသိနိုင်တဲ့ ဒီပင်လယ်ပြင်ကြီးပေါ်မှာ

သူ့ရဲ့ မျှော်လင့်ချက်တွေကို

ဘာကြောင့် အရမ်းကာရော

လွှတ်လိုက်ရတာလဲ . . . ။

သက်

1 comment:

Welcome said...

ရင်တွင်းဖြစ်ကဗျာလေးကို လာဖတ်ဖြစ်ပါတယ်။ အားပေးလျက်ပါ---

http://winzaw-mdy.blogspot.com/