Thursday, December 11, 2008

သူငယ်ချင်းသို့

သူငယ်ချင်းရေ . . .

ဘ၀ဟာ ကော်ဖီခါးတစ်ခွက်ဆိုရင်

တစ်ယောက်တစ်ဝက်ခွဲဝေ

အတူသောက်ကြမယ်လေ . . . ။

အခက်အခဲတွေ ဘယ်လောက်ရှိရှိ

မကြောက်သည့်ဇွဲနဲ့

လက်တွဲဖြေရှင်းကြမယ်နော် . . . ။

ပျော်စရာလည်း အတူတူ . . .

စိတ်ညစ်စရာ ဟူသမျှလည်း

မဖုံးကွယ်ကြေး . . .

နွေးထွေးတဲ့ သံယောဇဉ်ဖြူတွေနဲ့

ထာဝရရင်းနှီးကြရအောင် . . .။

ဒီဇင်ဘာ ၁၄ရက်မှာ ကျရောက်မယ့် သူငယ်ချင်းများနေ့ အထိမ်းအမှတ်အတွက်ပေါ့။ သူငယ်ချင်းများ အားလုံးလည်း ကိုယ့်နဲ့အတူ ကောင်းတူဆိုးဖက်၊ တိုင်ပင်ဖော် တိုင်ပင်ဖက် သူငယ်ချင်းများနဲ့ ထာဝရလက်တွဲပြီး ပျော်ရွှင်စွာနေသွားနိုင်ပါစေလို့ သက်ဆုတောင်းပေးပါတယ်။

သက်

No comments: