Friday, December 19, 2008

ဆင်းရဲခြင်း

ကျဉ်းမြောင်းလှစွာ ထိုနေရာ

မစင်အတိ ပြီးသောအခါ

နေရသူမှာ ဆင်းရဲလှ

ဒုက္ခ ကြုံပေရ။

ထို့ထက်မက ဆင်းရဲတာ

မချစ်သူနှင့် အတူသာ

နေပါလေရ ဆင်းရဲစွ

ချမ်းသာ ကင်းမဲ့လှ။

ထိုမှဆက်၍ တွေးပါမူ

ကျေးဇူး မသိတတ်သောသူ

ထိုသူနှင့်သာ နေပါရ

ဆင်းရဲပို၍ ကြီးပေစွ။

သက်

1 comment:

ကိုတိုး said...

ဆင်းရဲခြင်းတဲ့နော်ရေးထားတဲ့ကဗျာလေးကတော့မိုက်တယ်နော် လူ့ဘဝဆိုတာကတော့ ဆင်းရဲတာချမ်းသာတာကတော့ သဘာဝပါပဲ ဘယ်လိုမှာရှောင်လွဲလို့မရပါဘူးနော်။ အဓိကကတော့ စိတ်ဓာတ်ပါပဲညီမလေးရေ ကြိုးစားပြီးရေး ကဗျာလေးတွေကောင်းတယ်သိလားညီမလေး။