Sunday, January 11, 2009

နှလုံးအေးတဲ့ဆေး

လုပ်တိုင်းမဖြစ် စိတ်မညစ်နှင့်
ပြောတိုင်းမရ ဒေါမထနှင့်
ကြံတိုင်းမမြောက် စိတ်မပေါက်နှင့်
ဆင်းရဲကြုံမှု မညည်းညူနှင့်
ပျက်စီးတိုင်းလျှင် မပူပင်နှင့်
အာရုံဟူသမျှ မတောင့်တနှင့်
အရာရာမျိုး စိတ်မဆိုးနှင့်
သိဥာဏ်မလိုက် သင်မိုက်နှင့်
ဗုဒ္ဓတရား မေ့မထားနှင့်
ဆုံးမတိုင်းသာ ကျင့်ကြံပါက
ဘယ်မှာနိဗ္ဗာန် ဝေးမည်နည်း

No comments: