Monday, February 2, 2009

အလွမ်းည သံသရာ

အချစ်မရှိခင်က

ညစဉ်မှာ

လ မျက်နှာ ရှု့စား

ရေနွေးကြမ်း တစ်ကရားနဲ့

အငြင်းပွားကြတယ်

အပေါင်းအသင်းများနဲ့။

ချစ်သူနဲ့တွေ့တော့

အားလုံးကိုမေ့

အလွမ်းတွေတစ်ပွေ့နဲ့

နေ့ညသံသရာ

အလွမ်းကဗျာ

ပေစာအထပ်ထပ်

ရေးစပ်လျက်သာ

ညမျက်နှာမှာ

သာယာကြည်နူး အပြုံးများနဲ့။

ချစ်သူသက်လယ်

ဖယ်ခွာအဝေး

ရှောင်ပြေးလေတော့

ရင်မှာဆွေးပြီ

နေခြည်မှေးစက်

ညဥ့်နက်မှာပင်

ရင်တမမ

နွမ်းလျလျနဲ့

အလွမ်းည သံသရာ

မခံသာနိုင်ပြီ

အာရုံမိုးသောက် အမြန်ရောက်ပါစေ။


(ကျွန်တော့်အစ်ကိုကြီး စူးချစ်ရဲ့ ကဗျာကို ဖော်ပြထားခြင်း ဖြစ်ပါတယ်။ အစ်ကိုကြီး ပျော်ရွှင်ပါစေ)

ဇော်ဖြိုး

No comments: