Friday, February 15, 2008

ရုပ်လှဖို့ထက် စိတ်လှဖို့က အရေးကြီးသည်

လူတိုင်း လူတိုင်းတွင် ဘုရားက ပေးထားသော ကိုယ်ခန္ဓာ အစိတ်အပိုင်းများ ရှိကြပါသည်။ ဤကိုယ်ခန္ဓာ အစိတ်အပိုင်းများထဲကမှ လူတို့သည် ရုပ်ရည်ကို အလွန်တန်ဖိုးထားကြပါသည်။ အမှန်တကယ်အားဖြင့် လူများ သတိမထားမိကြ၍သာ ဖြစ်ပါသည်။ စိတ်ထား ကောင်းမွန်လှပနေလျှင် ရုပ်ပိုင်းဆိုင်ရာသည် အလွန်ပင် အပြစ်ပြောစရာမရှိအောင် လှပနေပါသည်။ လူတိုင်း လူတိုင်း ရုပ်လှဖို့အတွက် အလှပြင်ကြပါသည်။ တချို့သူများသည် ရုပ်လှပသော်လည်း စိတ်ထားမလှကြပေ။ တချို့ကျတော့ ရုပ်အရမ်းဆိုးပေမယ့် စိတ်ထား ဖြူစင်ပြီး လှကြပါသည်။ ရုပ်လှတဲ့သူများထက် စိတ်ထားလှတဲ့သူများသည် လူ့လောကမှာ အမှန်စင်စစ် အလှတရားပိုင်ရှင်သာဖြစ်ပါသည်။ လူတွေအပေါ် စေတနာအရမ်းထားလျှင် ဝေဒနာဖြစ်တတ်ပါသည်။ ရှေးလူကြီးသူမတွေကတော့ ပြောကြပါတယ်…`` ကိုယ့်စေတနာ ကိုယ်အကျိုးပေးမယ်တဲ့´´ အဲဒါ အခုခေတ်မှာရော ရှိသေးသလားဆိုတာ ကျွန်မတို့ စဉ်းစားကြည့်မိပါသည်။ ကိုယ်က စေတနာနှင့် လုပ်ပေးလိုက်သည့် အရာတစ်ခုက ပြီးမြောက်သွားခဲ့တယ်လို့ ကိုယ့်စိတ်ထဲမှာ ထင်မိပေမယ့် တကယ့် လက်တွေ့မှာတော့ တန်ပြန်တုန့်ပြန်မှုက ကိုယ်မျှော်လင့်သလို ဖြစ်မလာခဲ့ပါ။ အဲဒီအခါမှာ စိတ်ထဲမှာ ဘယ်လိုခံစားရသလဲ ဆိုတာကို လူတိုင်းခံစားဖူးရင် သိကြမှာပါ။ ဒါကြောင့် စေတနာဆိုတာ လူတိုင်းနှင့် မတန်ဘူးဆိုတာ မှန်ကန်ကြောင်းကို ကျွန်မတို့ အခုသိခဲ့ရပါပြီ။ အခုလိုသိခဲ့ရပေမယ့် ကျွန်မတို့ အားလုံးကတော့ လူတိုင်းအပေါ် စေတနာထားနေဆဲပါပဲ။ မြန်မာလူမျိုးတိုင်း၏ စိတ်ထားမှာ ကူညီရိုင်းပင်းတတ်သည့်စိတ်ကတော့ ရှိကြစမြဲပါပဲ။ အားနာမှု၊ စိတ်ထား ကောင်းမွန်မှုအပေါ် လူအများစုသည် အနိုင်ကျင့် အခွင့်အရေးယူတတ်ကြပါသည်။ ထိုစိတ်ထားမျိုးကို ပြင်ဆင်နိုင်လျှင် လူတိုင်း ကိုယ်စီ ကိုယ်စီ အလှတရားလေးတွေကို ပိုင်ဆိုင်ကြမည် ဖြစ်ပါသည်။ ထိုပိုင်ဆိုင်မှုရှိသူကမှ လောက၏ အလှတရား အစစ်ဖြစ်ပါသည်။ ထို့ကြောင့် လူတိုင်း လူတိုင်း အလှတရားစစ်ကို ပိုင်ဆိုင်သူများဖြစ်ကြပါစေလို့ ကျွန်မတို့ သူငယ်ချင်းအုပ်စုမှ ဆုတောင်းပေးလိုက်ပါသည်။
KTY

No comments: