ကိုယ်ချင်းစာတတ်ကြစေရန်
ကမ္ဘာပေါ်ရှိ လူတိုင်းသည် အချစ်နှင့် မထိတွေ့ဖူးသူဟူ၍ မရှိပါ။ အဲဒီထဲကမှ မိန်းကလေး အများစုသည် အချစ်ကို ပို၍ ခံစားတတ်ကြပါသည်။ မိန်းကလေးများသည် ချစ်မိပြီဆိုလျှင် ဘာကိုမှ မစဉ်းစားတတ်ကြတော့၍ အချစ်အတွက် မိုက်ရူးရဲဆန်ဖို့နှင့် ပေးဆပ်ဖို့ ၀န်မလေး သည့် စိတ်ထားရှိပါသည်။ အဲဒီစိတ်ထားအပေါ် အခုခေတ် တချို့တချို့သော ယောကျာ်း လေးများက အခွင့်အရေးယူတတ်ကြပါသည်။ မိန်းကလေးအများစုက ကိုယ့်ချစ်သူ အပေါ် အချစ်စစ် အချစ်မှန်နှင့် ချစ်တတ်သော်လည်း တချို့သော ယောကျာ်းလေးများက ကိုယ့် ချစ်သူအပေါ် အချစ်စစ်နှင့် ပြန်လည်၍မချစ်ဘဲ ``အိုင်တွေ့တိုင်း ခြေဆေးတတ်သည့်´´ အကျင့်ရှိကြပါသည်။ ယခုခေတ် ယောကျာ်းလေးများသည် အပျော်အပါးကို မက်မက် မောမော ရှိကြပါသည်။ အချစ်ကို တန်ဖိုးမထား အပျော်သဘောဖြင့် မိန်းကလေး တစ်ယောက်၏ အချစ်ကို ရယူတတ်ကြပါသည်။ ကျွန်မတို့ မိန်းကလေးအများစုအနေဖြင့် စဉ်းစားမိရန် အချက်တစ်ချက်မှာ အချစ်ကို အလေးနက်မထားသော ယောကျာ်းလေး အများစု ရှိနေသည့် အတွက်ကြောင့် မိန်းကလေးတိုင်းသည် ကိုယ့်ကိုယ်ကို တန်ဖိုးထား တတ်ဖို့လိုပါသည်။ မိမိကိုယ်ကို တန်ဖိုးထားတတ်မှ အများကလည်း တန်ဖိုးထားမည် ဖြစ်ပါသည်။ အဲဒီထဲတွင် ယောကျာ်းလေးအများစုက ပို၍ မိန်းကလေးအများစုကို တန်ဖိုး မထားတတ်ကြ၍ တခဏအတွင်းမှာပင် ပျောက်ကွယ်သွားခဲ့ပါသည်။ ဆိုရိုးစကားပုံ တစ်ခု အရ ``ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ရသည့်´´ အဖြစ်သို့ ရောက်ရှိနေ ပါသည်။ ဤကဲ့သို့ ဆိုရိုးစကားပုံအတိုင်း မဖြစ်စေရန် မိန်းကလေးအများစုက မိမိတို့ ဘ၀ထဲသို့ ၀င်လာသော ယောကျာ်းလေးအများစုကို နှလုံးသား တစ်ခုတည်းကို ဦးစားပေး မဆုံးဖြတ်ပဲ ဦးနှောက်နှင့်ပါတွဲ၍ စဉ်းစား ဆုံးဖြတ်သင့်ကြောင်း သတိပေး တိုက်တွန်းအပ် ပါသည်။ သို့ဖြစ်ပါ၍ ယခုခေတ် ယောကျာ်းလေးတိုင်းသည်လည်း မိန်းကလေးများ အပေါ်တွင် ကိုယ်ချင်းစာတတ်ကြစေရန်နှင့် ကိုယ်ပြုသည့်ကံ ကိုယ့်ထံ ပြန်လာတ်သည် ဆိုသည့်စကားကိုလည်း မမေ့ကြစေရန်၊ ၀ဋ်ဆိုတာ လည်တတ်ပါကြောင်း ကျွန်မတို့ သူငယ်ချင်းများက မိန်းကလေးများကိုယ်စားတင်ပြလိုက်ပါသည်။ ထိုအကြောင်းအရာနှင့် ပတ်သက်၍ ကျွန်မတို့ ရေးစပ်ထားသော ကဗျာလေးတစ်ပုဒ်ကို ဖတ်စေလိုပါသည်-
ကျွန်မဘ၀ထဲ ဘော်ဒါမရှိ
အားကိုးရှာမိတာ ကျွန်မအမှားပါပဲ
ရည်းစားတစ်ယောက် မျှော်ကာမိ
No comments:
Post a Comment