Thursday, February 21, 2008

စိတ်နဲ့ကိုယ် ဖြည်းဖြည်းနဲ့ မှန်မှန်လေး လုပ်ရမှာပါ

အလုပ်တွေ ပိုပြီးအောင် ဖြည်းဖြည်းမှန်မှန် လုပ်ကြပါ သူငယ်ချင်းတို့ရေ…………….

ကိုယ်လုပ်စရာတွေကို မြန်မြန်ပြီးအောင် အလုပ်အမျိုးမျိုး တစ်ချိန်တည်း လုပ်နေလို့ကတော့ ဘာမှထိထိ ရောက်ရောက်ပြီးမှာ မဟုတ်ပါဘူး၊ မြန်မြန် သွက်သွက် လုပ်ချလိုက်တဲ့အခါ ပြီးရင်ပြီးရောဆိုတဲ့ သဘောဆန်သွားခဲ့ပြီး တီထွင် ဆောင်ရွက်ဖို့ အချိန်မပေးနိုင်သလို အမှားတွေလည်းများ အလုပ်ကလည်း မသပ်မရပ် ဖြစ်လာတတ်ပါ သည်။

ကိုယ်လုပ်တဲ့အလုပ်ကို အာရုံစူးစိုက်ဖို့ လိုတာပါ။ ဘာအရင် လုပ်သင့်သလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်မေးပြီး ကိုယ်လုပ်သင့်တဲ့ အရေးကြီးတဲ့ အလုပ်ကို အရင်ဆုံးလုပ်ရမှာပါ။ ဟိုဟာနည်းနည်း လုပ်လိုက်၊ ဒီဟာနည်းနည်းလုပ်လိုက်၊ သူများကိုအပြစ်ပုံချလိုက်လို့ကတော့ ဘာမှပြီးမှာ မဟုတ်ပါဘူး။ ကိုယ်လုပ်ရမယ့် အလုပ်တာဝန်ကို သေသေ ချာချာဂရုစိုက်ပြီး လုပ်သွားရင် အိမ်ပြန်ရမယ့်အချိန်မှာ အလုပ်တွေ အတော်လေး ပြီးနေပြီး ကိုယ်လည်းစိတ်ချမ်းသာ တာမျိုးကြုံရမှာ မလွဲပါဘူး။ တာဝန် တစ်ခု၊နှစ်ခုကို ဖြစ်မြောက်အောင်လုပ်တာက အလုပ် လေးငါးခုကို လုပ်နေတာ ထက် ပိုတန်ဖိုးရှိပါတယ်။ အလုပ်မပြီးဘဲ အိမ်ပြန်ရတဲ့အခါ အလုပ်ပူကြီး ခေါင်းပေါ် ရွက်ထားရသလိုပါဘဲဆိုတာ အလုပ်လုပ်နေတဲ့ သူငယ်ချင်းများ သိကြမှာပါ လို့တင်ပြလိုက်ပါတယ်…….

မှတ်ချက်။ ဆရာလုပ်ခြင်း မဟုတ်ပါ

မိဘနဲ့ခွဲပြီး အဝေးတစ်နေရာမှာ နေကြရတဲ့ သူငယ်ချင်းများ ဒို့ရဲ့ခံစားချက်ကို နားလည်ပေးနိုင်အောင် ကဗျာလေးတစ်ပုဒ် ရေးသား လိုက်ပါတယ်…….

``အိမ်ပြန်ချင်သုတစ်ယောက်အကြောင်း´´

အိမ်မှာနှင်းတွေ ဝေနေမယ့်အချိန်

ဒို့မှာက

မိုးစက်တွေ ကြွေလို့။

တွေးရင်း တွေးရင်းနဲ့

ဝေး ဝေးလာခဲ့တာ

မိုးကုပ်စက်ဝိုင်းက ကောင်းကင်နဲ့ မြေကြီး

ဘ၀ကိုပြောင်းပြန် ပြန်စီးလိုက်ချင်တယ်။

မနက်ခင်းတွေက

ဒို့ရင်ကို

အလွမ်းတွေနဲ့ ဆွဲဖွင့်တယ်

မပြည့်စုံခြင်း သံစဉ်တွေနဲ့

တဆတ်ဆတ်ခုန်နေတဲ့ ရင်ခွင်

ဒို့အိမ်ပြန်ချင်တယ်။

မေမေရေ

အားလုံးပြီးဆုံးတဲ့ တစ်နေ့မှာ

ရောက်လေရာက ပြန်ထ

ငယ်ဘ၀ကို ပြန်သွား

မေ့မေ့ရင်ခွင်မှာ ပြန်နားပါရစေ။
ယု

1 comment:

Anonymous said...

it reflects my mind n i can feel how the poet feels