အမေ
- ဇမ္ဗူတိုင်းမှာ အဖြေညှိပြရရင်
- အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့
- လူတိုင်းဟာ အမေရှိတယ်။
- မရေမရာ ပဟေဠိတွေကြောင့်
- အသေအချာ အမေမသိတောင်မှ
- အမေရှိတယ်။
- ချစ်သဒ္ဒါဝေကဲ
- ပြည့်တန်ဆာအမေလည်း အမေ။
- အကြွေးကြွယ်လှတဲ့
- ဈေးသည်မ အမေလည်း အမေ။
- အကြောင်းတရား အခြေမွဲ
- သူတောင်းစား အမေလည်း အမေ။
- သမီးသားတွေ ကြီးထွားစေရော့လို့
- စိန်ရွှေပတ္တမြား အိမ်မြေကားနဲ့
- ငွေသားအမွေ
- ပေးနိုင်မှ အမေမဟုတ်
- ယိုင်နဲ့နဲ့ တဲအတွင်း
- လှဲခင်းအိပ်နေစရာ တိုးဖယ်ပေးခဲ့
- အရိုးဟင်း တစ်ဖဲ့စီဝေ
- ထမင်းရည် အတူသောက်
- ဗိုက်မှောက်တော့ အတူတူ
- ခြင်ထောင်မရှိ ခြုံစောင်မရှိ
- ခင်းအိပ်စရာ ဖျာလည်းမရှိလို့
- ခြင်းကိုသွေးလှူ အတူတူ
- ကြမ်းပိုးသွေးလှူ အတူတူ
- အပူကိုမျှဝေ
- ဒုက္ခကို ပိုမိုလေးနက်စေ
- ပညာအမွေ ရွှေအိုး
- ရိုးသားမှု ဂုဏ်သိက္ခာ
- မေတ္တာအကြင်နာမှ တစ်ပါး
- အခြားပေးစရာ
- အထွေထွေမဲ့သော်လည်း
- အမေဟာ အမေပဲလေ။ .......။
ဇော်ဖြိုး
No comments:
Post a Comment