မိဘကျေးဇူးဆပ်ဖူးပြီလား
ကျွန်မတို့က အမေ၊ အဖေလို့ ခေါ်ဝေါသုံးစွဲခဲ့ကြသလို၊ အင်္ဂလိပ်တွေက မားသား၊ ဖားသားရယ်လို့ ခေါ်ဝေါ်ကြပါတယ်။ ရင်ထဲအသည်းထဲက လှိုက်လှိုက်လှဲလှဲခေါ်ဝေါ်ကြတဲ့အသံတွေဟာ များသောအားဖြင့် ဆင်တတ်တဲ့သဘောပါပဲ၊ ပါဠိလိုရော တွေးကြည့်ဦးမလား၊ ဟောမာတာ၊ ပီတာတဲ့၊ အသံခပ်ဆင်ဆင်ပါပဲ။ ဒီအခေါ်အဝေါ်က တရုတ်နဲ့ ကုလားတောင် တစ်ထပ်တည်းလောက်သွားဆင်နေကြတယ်၊ `မားမား´၊ `ပါးပါး´ တဲ့၊ ဒါကို ကျွန်မတွေးဖြစ်နေတာကြာပြီ၊ လူမျိုးချင်း၊ ဘာသာချင်း မတူလို့ အသံတွေ ဘယ်လောက်ကွဲပြား၊ ကွဲပြား အမိအဘကို ခေါ်ကြတာတွေကတော့ ခပ်ဆင်ဆင်တွေချည်းပါပဲ။
ဒါဘာကြောင့်ဖြစ်နေတာလဲ၊ အမိအဘရဲ့ ဂုဏ်ကျေးဇူးကြီးမားကြောင်းကို သက်သေပြုချင်လို့ အခုလို ဘာသာစကားတွေ ကွဲပြားနေပေမယ့် နီးနီးစပ်စပ်လာဆင်နေတာလို့ ယူဆချင်ပါတယ်။ လူမျိုးမတူ၊ ဘာသာ မတူပေမယ့် သားသမီးတွေအပေါ်ထားကြတဲ့ မေတ္တာတရားကတော့ အတူတူဖြစ်နေကြမှာပါ။ မိဘမေတ္တာကြီးမား ကြောင်း၊ မိဘတို့ရဲ့ ကျေးဇူးတရားကို ဆပ်မကုန်ကြောင်းကို ကျွန်မတို့တွေသိပြီးဖြစ်ပါတယ်။ ကျေးဇူးတရားကို ဆပ်မကုန်နိုင်ဘူးဆိုတာနဲ့ မဆပ်ဘဲတော့မနေကြပါနဲ့။ ဆပ်နိုင်အောင်ကိုယ့်အတိုင်းအတာကလေးနဲ့တော့ အတတ်နိုင်ဆုံးဆပ်ဖို့ လိုပါတယ်။ အခု ကျွန်မဆိုရင် အသက်၂၁နှစ်ရှိသွားပါပြီ။ အစိုးရ၀န်ထမ်းတစ်ဦးလည်း ဖြစ်ပါတယ်။ အခုချိန်ထိ ကျွန်မရဲ့ မိဘနှစ်ပါးကို ကျေးဇူးမဆပ်နိုင်သေးပါဘူး။ သူတို့ သင်ပေးတဲ့ ပညာအမွေ ဆိုတဲ့ အရာကို လူတန်းစေ့နေနိုင်အောင် သင်ကြားပေးခဲ့လို့ ကျွန်မဘွဲ့ရပညာတတ်တစ်ယောက်ဖြစ်လာခဲ့ပါ တယ်။ မွေးကျေးဇူးနဲ့ ကျွေးကျေးဇူးကိုကျေအောင်ဆပ်နိုင်ဖို့ဆိုတာ အများကြီးလိုပါသေးတယ်။ မိဘကျေးဇူး ဆပ်ချင်ရင် မိဘစိတ်ချမ်းသာအောင် လိမ္မာတဲ့သားသမီးတွေဖြစ်ကြရမှာဖြစ်ပါတယ်။ ဒါမှ မိဘတွေစိတ်ချမ်းသာမှ သားသမီးတွေကောင်းစားမှာ၊ သားသမီးတွေကောင်းစားမှလည်း ကိုယ့်မိဘရဲ့ ကျေးဇူးကို ပြန်ပြီးတုန့်ပြန်နိုင်မှာ ပါ။ ကိုယ့်ကို လူတစ်လုံး၊ သူတစ်လုံးဖြစ်အောင်ပြုစုပျိုးထောင်ခဲ့ရတဲ့ဘ၀ဟာ အလွန်ကို ပင်ပန်းဆင်းရဲလွန်းလှပါ တယ်။ အဲဒါကြောင့်မို့လို့ ကျွန်မတို့ သားသမီးတွေတိုင်းက မိဘတို့ရဲ့ ကျေးဇူးကိုကျေအောင်မဆပ်နိုင်ရင် တောင်မှ မိဘတို့ စိတ်ချမ်းသာအောင် ထားသွားနိုင်ရင်လည်း ကျေးဇူးဆပ်ရာရောက်ကြောင်း ကျွန်မခံစား မိသလောက်ရေးသားဖော်ပြလိုက်ပါတယ်။
No comments:
Post a Comment