ကျွန်မတို့ မြို့ကလေးကို အလည်တခေါက် လာစေချင်ပါတယ်…
ကျွန်မတို့ မြို့ကလေးဟာ အလွန်ပျော်စရာ ကောင်းလှပါတယ်… ကျွန်မကို မွေးဖွားပေးသော အမိ၊ အဖ ရဲ့ ဂုဏ်ကျေးဇူးကြောင့် ကျွန်မ ဒီမြို့လေးမှာ ရှင်သန် ကြီးထွားလာခဲ့ရသူ တစ်ယောက်ပါ… ကျွန်မ ငယ်စဉ်ကတည်းက မကွေးမြို့မှာ နေရတာ အလွန်ပျော်ပါတယ်… တချို့အရပ်ဒေသက လူတွေဟာ ကျွန်မတို့မြို့မှာ နေရတာ အလွန်ပူပြင်းတဲ့ မြို့လို့ ပြောဆိုကြပါတယ်… ဘယ်လောက်ပဲ ပူပြင်းတဲ့ မြို့လေးပဲဖြစ်နေပါစေ ကျွန်မတို့ ရင်ထဲမှာတော့ အမြဲအေးချမ်း သာယာလှပါတယ်…ကျွန်မတို့မြို့ကို အလည်လာရောက်ကြသူတွေ အားလုံး မြို့ခံလူတွေရဲ့ မေတ္တာ၊ စေတနာ၊ ဂရုဏာကြောင့် ရင်ထဲမှာ အေးမြမှုတွေ အပြည့်ခံစားရမှာပါ … ကျွန်မတို့မြို့မှာရှိတဲ့ မကွေးမြို့စွန် မြသလွန်ဘုရားကြီးက အလွန်ကြည်ညိုစရာ ကောင်းလှပါတယ်… မြသလွန်ဘုရားကြီး၏ အထ္ထုပတ္တိများကို သိချင် မြင်ချင် ဖူးမျှော်ချင်ရင်တော့ မကွေးမြို့ကို အလည်လာဖို့ ဖိတ်ခေါ်အပ်ပါတယ်… အလည်တခေါက် လှမ်းလာခဲ့ကြပါ… ကျွန်မတို့ မြို့ကလေးကတော့ သူ့လနဲ့ သူ ဘုရားပွဲတော်များ ရှိပါတယ်… ဘုရားပွဲရှိတဲ့အခါဆို တချို့အရပ်ဒေသက ဧည့်သည်တွေ အများအပြား ရောက်ရှိလာတတ်ပါတယ်… ကျွန်မ အထက်တန်းသို့ ရောက်သောအခါ ကျွန်မအဖေ တာဝန်ကျရာ ရန်ကုန်မြို့တော်ကြီးကို ရောက်ရှိခဲ့ပေမယ့် ကျွန်မနေခဲ့ရတဲ့ မကွေးမြို့ကို တစ်နေ့မှ မေ့မရခဲ့ပါဘူး… ကျွန်မရဲ့ ငယ်သူငယ်ချင်းတွေကို အမြဲတမ်း သတိရပါတယ်… အခုဆိုရင် သူတို့နဲ့ မတွေ့ဖြစ်တာတောင် (၆) နှစ် ရှိသွားပါပြီ… ကျွန်မရဲ့ လုပ်ဖော် ကိုင်ဖက်များ၊ မိတ်ဆွေများကို မကွေးမြို့၏ သာယာလှပမှုများ၊ ပွဲတော်များ၊ မြို့ခံများ၏ စိတ်ရင်းစေတနာကောင်း ရှိပုံများကို အမြဲပြောဆိုနေသောကြောင့် ကျွန်မကိုပင် မကွေးသူဟုပင် နောက်ပြောင် ကျီစယ် ခေါ်ဆိုနေကြပါပြီ။ ကျွန်မ မကွေး သင်္ကြန်နဲ့ တန်ဆောင်တိုင်ပွဲတွေကို လွမ်းလွမ်းဆွတ်ဆွတ် တမ်းတနေခဲ့ရသူ တစ်ယောက်ပါ… တကယ်တမ်း ကျတော့ မသွားနိုင်ခဲ့ပါဘူး… စိတ်ထဲကသာ လွမ်းနေခဲ့ရပါတယ်… မကွေးမြို့၏ ငယ်ပုံရိပ်များကို လွမ်းဆွတ် တမ်းတလျက် . . .
ခိုင်သဇင်
No comments:
Post a Comment