Thursday, March 20, 2008

တကယ်အရေးကြီးတာ ဘာပါလဲ

ကျွန်မတို့ ရှုပ်ထွေးတဲ့အလုပ်တွေ တာဝန်ဝတ္တရားတွေနဲ့ ဘ၀ရဲ့ရည်မှန်းချက်ပန်းတိုင် တွေကြားမှာ လမ်းပျောက်ပြီး အလွှမ်းမိုးခံလိုက်ရပြီးဆိုရင် ကျွန်မတို့ရဲ့ နှလုံးသားနဲ့ အနီးကပ်ဆုံး ကိစ္စတွေနဲ့ ချစ်ခင်သူတွေကို မေ့ပစ်ဖို့ချိန်းဆိုထားတာတွေကို ရွှေ့ဆိုင်းပစ် ဖို့ ဆွဲဆောင်မှုတွေများလာပါတယ်။ ဒါကြောင့် တကယ်အရးကြီးတာက ဘာလဲဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုယ်ကို အမြဲမပြတ်မေးနေဖို့ လိုလာပြီဆိုတာ နားလည် လိုက်ပါတယ်။ အခုဆိုရင် မနက်စောစော လုပ်နေကျအလုပ်တွေထဲမှာ အလုပ်တစ်ခု အနေနဲ့ ဘာအရေးကြီးသလဲ ဆိုတာက ဘာတွေကို အရင်ဦးဆုံးလုပ်ရမယ်ဆိုတာကို ကျွန်မကို သတိရစေပါတယ်။ ကျွန်မဘ၀မှာ အရေးကြီးဆုံးကိုရွေးချယ်ရပါမယ်။ ပြီးတော့ ကျွန်မရဲ့စွမ်းဆောင်နိုင်မှု အင်အား နည်းနည်းလေးကို သူ့နေရာနဲ့သူ အသုံးချရပါမယ်။ မိဘများအတွက် သူတို့ အလိုရှိတဲ့ အခါအဆင့်သင့်ရှိရမယ်။ လှူဒါန်းမှု ကုသိုလ်တွေ လုပ်ရမယ် အတွင်းစွမ်းအားတွေ အေးချမ်းဖို့ တရားအားထုတ်ရမယ်။ သူငယ်ချင်းတွေ အတွက် အချိန်တစ်ချိန်ပေးရမယ် စသည်တို့ ဖြစ်ပါတယ်။ မနက်ပိုင်းမှာ အရေးကြီးဆုံး အလုပ်က ရတနာသုံးပါးကို ရှေ့ဆုံးမှာထားခြင်းပဲ ဖြစ်ပါသည်။ နောက်အရေးကြီးတဲ့ အလုပ်က မိဘကျေးဇူးဆပ်တတ်ဖို့ပါပဲ။ အပြင်ပန်းက ကြည့်ရင်တော့ အလွန်ရိုးစင်းတဲ့ အလုပ်တွေ ဖြစ်ပါတယ်။ ဒီနည်းစနစ်က ဘ၀လမ်းကြောင်းမှန်ဖို့ အတွက် အများကြီး အထောက်အပံ့ပေးတယ်ဆိုတာ ကျွန်မ မြင်လာပါတယ်။ ဆရာတော် ဦးဇောတိက က အချိန်ဟာ အသက်ပဲလို့ ခံယူထားလိုက်ရင် ဘ၀မှာအရေးကြီးတာတွေ၊ အကျိုး ရှိတာတွေကိုပဲ လုပ်ဖြစ်သွားပါလိမ့်မယ်။ အားနာတွေ၊ ငဲ့ညှာတာတွေ၊ နှလုံးသား ရေးရာ တွေ၊ တခြားသူတွေအတွက် အချိန်တွေ အများကြီးပေးတာတွေကို ဦးစားပေး အဆင့်မှာ ထားမိရင်တော့ အချိန်တွေ အလဟသကုန်သွားမှာ သေချာပါတယ်။ တကယ်တမ်း အရေးကြီးတာ ဘာလဲဆိုတာ တကယ်လက်တွေ့ကျကျ သိသင့်ပါတယ်။

ခိုင်သဇင်

No comments: