စိတ်ပါဝင်စားခြင်း
စိတ်ပါဝင်စားခြင်းဆိုတာ မိမိလုပ်နေတဲ့ အလုပ်အပေါ် စေတနာထား လုပ်ခြင်းကို ခေါ်ပါတယ်။ အလုပ်အပေါ် စိတ်ပါသည်ဖြစ်စေ၊ စိတ်မပါသည်ဖြစ်စေ၊ အလုပ်အပေါ် စေတနာထား လုပ်ကိုင်နေရင်း အလုပ်အပေါ် စိတ်ပါဝင်စားလာမှာပါ။ လောကမှာ စိတ်ပါသည်ဖြစ်စေ၊ စိတ်မပါသည်ဖြစ်စေ မလုပ်လို့မဖြစ်တဲ့ အလုပ်တွေ ရှိပါတယ်။ စိတ်မပါပဲ လုပ်တဲ့အခါမှာ အမှားအယွင်းတွေဖြစ်၊ စိတ်ကမပါတော့ ပြီးခါနီးမှ မှားယွင်း သွားရင် အစကနေပြန်လုပ်ရပြန်ရော . . . ဒီလိုနဲ့ပဲ စိတ်မပါတော့ ဒီအလုပ်အပေါ် ဒေါသတွေထွက်၊ အလုပ်ကမပြီးတော့ စိတ်ပျက်။ ဒီလိုနဲ့ပဲ အလုပ်လည်းမပြီး စိတ်ကပျက်၊ ဒေါသကထွက် ကိုယ့်ကိုယ်ကို နှိပ်စက်သလိုဖြစ်နေပါတယ်။ ဒီတော့ စိတ်မပါသော်လည်း မှားမှာစိုးတဲ့အတွက် သတိထားလုပ်ရင်း စေတနာလေးထား . . . ဒီလိုနဲ့ အလုပ်အပေါ် စိတ်ပါဝင်စားလာတဲ့အခါ အလုပ်လည်းပြီး၊ မှားယွင်းတာလည်း မရှိ။ အမှားအယွင်းမရှိဘဲ အလုပ်ပြီးတော့ စိတ်ချမ်းသာရတာပေါ့။ ဒါကြောင့် ဘာပဲလုပ် လုပ် စေတနာထားပြီး စိတ်ပါဝင်စားစွာ လုပ်တဲ့အခါ အရာရာဟာ ပျော်စရာ စိတ်ချမ်းသာ စရာလေးတွေ ဖြစ်လာမှာပါလို့ တင်ပြရင်း . . .
No comments:
Post a Comment