Thursday, March 20, 2008

မေတ္တာရောင်ခြည်

ရန်သူများကို ရန်တုံ့ပြန်ခြင်း၊ ကလဲ့စားချေခြင်းသည် ပြဿနာပိုကြီးထွားအောင် လုပ်ခြင်းသာ ဖြစ်သည်။ ရန်တုံ့ပြန် သောဒေါသအပြုအမှုများသည် မိမိကိုလည်းကောင်း၊ မိမိ၏ရန်သူကိုလည်းကောင်း ထိခိုက် နစ်နာစေပါသည်။ ရန်တုံ့ပြန်မှု ပြုလုပ်ရန် စိတ်ထဲ၌ အမုန်းပွားအောင် ပြုလုပ်ရမည်။ အမုန်းသည် အဆိပ်နှင့် တူသည်။ မိမိထံ၌ ရှိနေသော အဆိပ်သည် အခြားလူတစ်ယောက်ယောက်ကို ထိခိုက်နစ်နာအောင် မပြုလုပ်မီ မိမိကိုဦးစွာ ထိခိုက်နစ်နာအောင် ပြုလုပ်လိမ့်မည်။

အပြုံးနှင့် တုံ့ပြန်သူကို ဒေါသပြင်းစွာထွက်နေလျှင် မိမိသာအရှုံးနှင့် ရင်ဆိုင်ရပြီး စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရ လိမ့်မည်။ အနှောင့်အယှက်အတားအဆီးများနှင့် ရင်ဆိုင်ရသည့်အခါ အပြုံးမပျက်ဘဲ နေရမည်ဆိုသည်ကို ဗုဒ္ဓက ညွန်ကြားဟောပြထားပါသည်။အမုန်းပွားသူများ၏ကြားတွင် အမုန်းမပွားဘဲ ရွှင်လန်းချမ်းမြေ့စွာ နေသင့်ပါသည်။ အမုန်းပွားသူများ၏ကြားတွင် အမုန်းတရားကို လက်မခံဘဲ နေသင့်၏။ ဒေါသနှင့်အာဃာတမီး မထားဘဲ ရွှင်လန်း ချမ်းမြေ့စွာနေသင့်ကြသည်။ မိမိ၏ရန်သူများအပေါ် မေတ္တာကရုဏာထားနိုင်လောက်သော အင်အားအလုံ အလောက် ရှိချင်မှရှိပါမည်။ သို့သော်မိမိ၏ စိတ်ပျော်ရွှင်မှုအတွက်လည်းကောင်း၊ လူတိုင်းလူတိုင်း၏ စိတ်ပျော်ရွှင် မှုအတွက်လည်းကောင်း သူတစ်ပါးအပေါ်ခွင့်လွှတ်နိုင်သည့် စိတ်ဓာတ်မျိုး မွေးမြူးရပါမည်။ ရန်သူအပေါ်မလို မုန်းထားသည့်စိတ်၊ ရန်တုံ့ပြန်ခြင်း မပြုလုပ်ခြင်းဖြင့် လူတော်လူကောင်း တစ်ယောက်ဖြစ်အောင် ပြုလုပ်ပြနိုင်ပါသည်။ရန်မီးသည် ရန်ပြုခြင်းအားဖြင့် ပပျောက်သွားလိမ့်မည် မဟုတ်ပေ။ မေတ္တာထားခြင်းဖြင့်သာ လျှင် ပပျောက်သွားလိမ့်မည်။ အကယ်၍ သင်သည်မေတ္တာရောင်ခြည်ကို တောက်ပလာအောင် ပြုလုပ်နေမည်ဆိုလျှင် မည်သူကမှ သင့်ကိုထိခိုက်နစ်နာအောင် ပြုလုပ်လိမ့်မည် မဟုတ်ပေ။ မိမိထံသို့ လွဲမှားသောအပြုအမှုများ ရောက်ရှိလာလေလေ မိမိ၏ စိတ်ကောင်းစေတနာ ကောင်းသည် တောက်ပလေလေဖြစ်ပါလိမ့်မည်။ လူတိုင်းကို မေတ္တာနှင့်တုံ့ပြန်ပါ၊ ရန်ကိုရန်ခြင်း မတုံ့ပြန်ပါနှင့် မိမိကိုဘယ်လောက်ဘဲ အမုန်းပွားနေသောရန်သူဖြစ်ပါစေ မိမိက သာမေတ္တာနှင့်တုံ့ပြန်နိုင်လျှင် မိမိ၏ မေတ္တာ သည် ရောင်ပြန်ဟပ်ပါသည်။ မိမိဘယ်လောက်ဘဲ ဒေါသထွက်နေပါ စေသည်းခံစိတ်မွေးပြီး မေတ္တာထား နိုင်ပါက အေးချမ်းသောအရသာကို မိမိကိုယ်တိုင် ခံစားရပါမည်။ မေတ္တာသည် သာရန်သူအပေါင်းကို အောင်မြင်နိုင်သော လက်နက်တစ်ခုဖြစ်ပါသည်။

ယု

No comments: