Monday, March 31, 2008

ရယ်မောခြင်းဖြင့် ဘ၀ကိုအလှဆင်ပါ

လူတိုင်းရယ်မောဖူးကြမည် ထင်ပါသည်။ မရယ်မောဖူးသူဟူ၍ ရှိနိုင်မည်မဟုတ်ပါ။ ရယ်မောခြင်းသည် ဆေးတစ်ခွက်ဖြစ်သည်ဟု လူများစွာကပြောဆိုကြပါသည်။ သက်ရှိ သတ္တ၀ါထဲတွင် လူသည်သာရယ်မောတတ်သည့် သတ္တ၀ါဖြစ်သည်ဟု ယူဆမိပါ သည်။

ရယ်မောခြင်းသည် စိတ်ခံစားချက်တစ်ခု ဖြစ်ပါသည်။ လူတို့သည် ပျော်ရွင်စရာ၊ သဘောကျစရာဟု ယူဆသည့်အရာတစ်ခုခုကို တွေ့မြင်သောအခါ၊ ကြားရသောအခါ များတွင် ရယ်မောကြပါသည်။ သုတေသနပြုသူများစွာက ရယ်မောခြင်းသည် လူတစ် ယောက်နှင့်တစ်ယောက်ကို ဆက်သွယ်ပေးသော လူမှုရေးအပြန်အလှန် တုံ့ပြန်မှုဖြစ် သည်ဟု ယုံကြည်ထားကြပါသည်။ ရယ်မောခြင်းသည် လူများစွာထဲတွင် ပျံ့နှံ့သွားတတ် ပါသည်။ လူတစ်ယောက်ယောက်ရယ်မောနေတာကို ကြားရသည့်အခါ သင်လည်းဘဲ ရယ်မောလာနိုင်ပါသည်။ ရယ်မောခြင်းသည် လူတစ်ယောက်၏ဒေါသကို ပြေပျောက်စေ ရန်နည်းလမ်းကောင်းတစ်ခု ဖြစ်ပါသည်။ ရယ်မောခြင်းသည် ကျန်းမာခြင်းဖြစ်သည်ဟု လူများစွာက ယနေ့ထက်တိုင် နားလည်ထားကြပါသည်။ ရယ်မောခြင်းသည် စိုးရိမ်း သောကနှင့် တင်းမာမှုကို သက်သာစေနိုင်ပါသည်။ ရယ်မောခြင်းသည် လူတစ်ယောက် ကိုစိတ်လက်ရွှင်လန်းသွားစေနိုင်သောကြောင့် ကျန်းမာရေးနှင့်လည်း ညီညွတ်ပါသည်။

ထို့ကြောင့် လူသားတိုင်းသည် ကျန်းမာရေးအတွက် အလွယ်ကူဆုံးနှင့် အကောင်းဆုံး ဆေးတစ်ခွက်ဖြစ်သော ရယ်မောခြင်းကို နေ့စဉ်နေ့တိုင်း ပြုလုပ်သင့်ပါသည်။ ရယ်မော ခြင်းသည် မိမိကိုယ်တိုင်စိတ်လက်ရွှင်လန်းလာစေရုံမျှမက အခြားသူများကိုပါ ကူးစက် စေပြီး ပျော်ရွှင်ဖွယ်ကောင်းသော ပတ်ဝန်းကျင်တစ်ခုကို ဖန်းတီးနိုင်သည်။ စိတ်ထား ဖြူစင်အပြစ်ကင်းသော ရယ်မောခြင်းကို နေ့စဉ်နေ့တိုင်း ပြုလုပ်နေသူအတွက် ဘ၀ အမောများကို ပြေပျောက်စေပြီး လှပသောဘ၀တစ်ခုကိုလည်း ဖန်းတီးနိုင်မည်ဟု ယုံကြည်မိပါသည်။ ဒါကြောင့် သူငယ်ချင်းတို့လည်း ရယ်မောခြင်းကို နေ့စဉ်နေ့တိုင်း

ပြုလုပ်ကြရန် တိုက်တွန်းလိုက်ပါသည်။

ယု

No comments: