Monday, March 31, 2008

မြင့်မြတ်သူတိုင်း၏ စိတ်ထား

လူတွေရဲ့ စိတ်ထားကို ဘယ်သူမှမမြင်နိုင်သလို မှန်းဆလို့လဲ မရနိုင်ပါဘူးဆိုတာ သိစေချင်လို့ပါ။ တစ်ချို့ လူတွေရဲ့ စိတ်ထားသည် အလွန်မြင့်မြတ်ကြသူများ ဖြစ်သည်၊ စိတ်ထား မှန်ကန်ကြသူများလည်း ဖြစ်သည်။ လူတွေရဲ့ တစ်ချို့အမြင်က လူတစ်ယောက်ကို ကဲ့ရဲ့ရှုတ်ချခြင်းတဲ့ အကျင့်တွေရှိသလို ချီးမွမ်းတတ်ကြသော လူတွေလည်း ရှိတတ်ပါသည်။ တစ်ယောက်ကို တစ်ယောက် ရိုင်းပင်းကူညီမှုတွေ ရှိတတ်တယ်လို့ သိရပါသည်။ စိတ်ထားမြင့်မြတ်သူတိုင်းကို လူတိုင်းကူညီတတ် ကြပါသည်။ အကောင်းမြင် စိတ်ကူးရှိကြသူများသည် ကမ္ဘာပေါ်တွင် အလွန်နည်းပါးသည်။ ဘယ်သူမဆို ကိုယ့်စိတ်ကို အကောင်း မြင်စိတ် ထားကြပါ။ အကောင်းမြင်စိတ်ကို လူတိုင်းပျိုးထောင် လေကျင့်၍ ရပါသည်။ အကောင်း အမြင် အတွေးအခေါ်သည် မွေးရာပါဗီဇတစ်ခုဖြစ်သည်ဟု လူများ သတ်မှတ်ခဲ့ကြသည်။ ကျွန်မတို့လည်း စိတ်ထားမြင့်မြတ်သူ တစ်ယောက်ဖြစ်အောင် အမြဲကြိုးစားနေပါသည်။ ကျွန်မငယ်ငယ်ကတည်းက စိတ်ထား မွန်မြတ်တဲ့လူ တွေ့ဘူးပါသည်။ အရမ်းဂုဏ်ကျက်သရေရှိသူလည်း ဖြစ်ပါသည်။ သူများ တဖက်သားကို ကူညီတာကိုလည်း ကျွန်မကိုယ့်တွေ့ မြင်တွေ့ခဲ့ရပါသည်။ ကျွန်မ(၉)တန်းတုန်းက လမ်းမှာ အဘွားတစ်ယောက် မူးလဲသွားတာကို အဲဒီမမက အလွန်ရိုင်းပင်း ကူညီခဲ့ပါသည်။ တချို့ဆိုရင် ကူညီချင်မှ ကူညီလိမ့်မယ်။ အဲဒီမမက အဘွားကို သူမှာရှိတဲ့ ပိုက်ဆံ အနည်းငယ်နဲ့ ကူညီခဲ့တာရယ် သူရဲ့တာဝန်ကို အလေးမထားနိုင်ဘဲ ကူညီခဲ့တာကို ကျွန်မကိုယ်တိုင် တွေ့ခဲ့ပါသည်။ အဲဒီမမကြောင့် ကျွန်မ ငယ်ငယ်ကတည်းက လူတွေရဲ့ မြင့်မြတ်တဲ့ စိတ်ထားကို အလွန်သဘောကျလာခဲ့ရခြင်း ဖြစ်ပါသည်။ မြင့်မြတ်သူတိုင်းကို လေးစားရသလို စိတ်ထားမြင့်မြတ်အောင်လဲ ကျွန်မနေခဲ့ပါသည်။ ကျွန်မ သူများကို အရမ်းကူညီချင်ပါသည်။့ ကျွန်မ အလွန်စိတ်ထားကောင်းမွန်အောင်နေပါသည်။ မြင့်မြတ်သူတိုင်း စိတ်ထားအလွန်ကောင်းပါသည်။ ကျွန်မတို့ စိတ်ထားကောင်းကောင်းထာဝရရှိနိုင်ကြပါစေ

ခိုင်သဇင်

No comments: