Tuesday, April 1, 2008

စိတ်ဓာတ်ကောင်း

စိတ်ဓာတ်သည် လူတစ်ယောက်အတွက် အလွန်အရေးပါသော အရာတစ်ခု ဖြစ်ပါသည်။ လူတစ်ယောက်၏ အကျင့်စာရိတ္တသည် စိတ်ဓာတ်နှင့်လည်း ဆိုင်ပါသည်။ လူတစ်ယောက်သည် စိတ်ဓာတ်ကောင်းမှသာ လူကောင်း တစ်ယောက် ဖြစ်မည်ဟု ကျွန်ုပ်ထင်ပါသည်။ စိတ်ဓာတ်ကောင်းမှသာ လူမှုရေး နယ်ပယ်တွင်လည်း ပေါင်းသင်း ဆက်ဆံရေး ကြွယ်ဝမည်ဖြစ်ပါသည်။ စိတ်ဓာတ် မကောင်းသော၊ စိတ်ဓာတ် ယုတ်ညံ့သော လူမျိုးကို ဘယ်လိုလူမျိုးကမှ ပေါင်းသင်း ဆက်ဆံချင်ကြမည် မဟုတ်ပါ။ အခုကျွန်ုပ်တို့ ဆက်ဆံနေသော လူများထဲတွင် စိတ်ဓာတ်ကောင်းသော လူရှိသလို၊ စိတ်ဓာတ် အောက်တန်းကျသော လူများလည်း ရှိပါသည်။ ဤလူနှစ်မျိုးထဲတွင် ကျွန်ုပ်တို့ ပေါင်းသင်းချင်သော သူသည် စိတ်ဓာတ်ကောင်းသော သူနှင့်သာ ပေါင်းသင်းချင်ကြပါသည်။ သို့သော် လူတစ်ယောက်ကို အပေါ်ယံကြည့်ရုံမျှနှင့် ထိုသူ၏ အတွင်းစိတ်ဓာတ်ကို မသိရှိနိုင်ပါ။ အနီးကပ် ပေါင်းသင်းကြည့်မှသာ သိရှိနိုင်ပါသည်။ မိမိက ကောင်းသလောက် မိမိအပေါ် မကောင်းသောသူ များစွာ ရှိပါသည်။ ထိုသူများသည် စိတ်ဓာတ် အောက်တန်းကျသော သူများ ဖြစ်ပါသည်။ မိမိက ကောင်းသလောက် မိမိအပေါ် မကောင်းဘဲ မိမိနောက်ကွယ်တွင် မိမိ၏ မကောင်းသတင်းများ ထိုင်ပြောနေသော စိတ်ဓာတ် အောက်တန်းကျသူ အကြောင်းကို သိရှိသော သူတစ်ယောက်ယောက်က ပြန်ပြောပြလို့ သိရှိခဲ့လျှင် ထိုသူအား မိမိအရမ်း ဒေါသထွက်မိလိမ့်မည် ဖြစ်ပါသည်။ ထိုသူအား မိမိဒေါသထိုင် ထွက်နေလျှင် ဘာမျှမထူးဘဲ မိမိသာ စိတ်ညစ် စိတ်ဆင်းရဲ ဖြစ်ပါလိမ့်မည်။ ထိုသူအား မေတ္တာထားလိုက်ပါ။ နောက်ဘယ်တော့မှ ဤကဲ့သို့ စိတ်ဓာတ် အောက်တန်းကျသော သူကို ပေါင်းသင်းဆက်ဆံခြင်း မပြုလုပ်တော့ပါနှင့်။ ဒါဟာ ကမ္ဘာပေါ်တွင် ရှိနေသော လူအမျိုးမျိုးမှ စိတ်ဓာတ်အမျိုးမျိုး ရှိသောသူများမှ စိတ်ဓာတ် အောက်တန်းကျသော လူအချို့အကြောင်းကို တင်ပြလိုက်ခြင်း ဖြစ်ပါသည်။ သူငယ်ချင်းတို့လည်း စိတ်ဓာတ် ကောင်းသောသူများနှင့် ဆုံတွေ့ကြစေရန် ဆုတောင်း ပေးလိုက်ပါသည်။

ယု

No comments: