တစ်နှစ်တာ ပျော်ရွှင်စရာသင်္ကြန်
ကျွန်မတို့ သင်္ကြန်ရောက်တိုင်း အလွန်ပျော်ရွှင်ပါသည်။ ဧပြီလ အစကတည်းက အများပြည်သူများ ပျော်ရွှင်နေတာကို တွေ့ရပါသည်။ တစ်နှစ်မှ တစ်ခါကြရောက်တဲ့ သင်္ကြန်ပွဲတော်ကို လူတိုင်းမျှော်နေမိပါသည်။ သင်္ကြန်ကျရောက် ပြီးဆိုကတည်းက ကလေး၊ လူကြီး အသက်အရွယ်မရွေးမျှော်နေခြင်းသည် လူတိုင်းရဲ့ သဘာဝ ဖြစ်ပါသည်။ ကျွန်မလည်းအရမ်းပျော်ပါသည်။ ကျွန်မတို့က သင်္ကြန်ကျမှ မိသားစု ပြန်ဆုံကြရခြင်းဖြစ်ပါသည်။ အဲဒီအချိန်ကျမှာ ဖေဖေက အလုပ်ကနားရပါသည်။ သင်္ကြန်ကြရောက်တိုင်း သူများတွေလိုတော့ ရေကစားခြင်းမရှိခဲ့ပါဘူး။ ကျွန်မ သင်္ကြန်အကြိုနေ့က အိမ်အတွက် အတာအိုးများ နှင့် သကြားမင်းကိုကြိုပါသည်။ အကြိုနေ့က ရပ်ကွက် ဓမ္မာရုံမှာ ၀ိုင်းပြီးကူညီလုပ်ပေးပါသည်။ မုန့်လုံးရေပေါ်များလည်း သွားရောက်ဝိုင်းပြီး ကူလုပ်ပေးခဲ့ပါသည်။ အလွန်ပျော်စရာကောင်းပါသည်။ အကျနေ့ကြတော့ မိဘများ ဘုန်းကြီးကျောင်းကိုသွားပြီး ဥပုသ်သီလများ စောင့်နိုင်ရန်အတွက် မိဘရဲ့တာဝန်များကို တစ်ဘက်တစ်လမ်းက ကူညီ ဆောင်ရွက်ခဲ့ပါသည်။ အိမ်အလုပ်များကိုလည်း ကူညီလုပ်ကိုင်ခဲ့ပါသည်။ ကျွန်မ သင်္ကြန် (၅) ရက်စလုံး ကို မိဘများကို ကူညီလိုက်ရလို့ ၀မ်းသာကြည်နူးမိပါသည်။ သင်္ကြန်ရောက်တိုင်း အရမ်းပျော်ရွှင်ခဲ့ရသလို သင်္ကြန်ရောက်တိုင်း ကစားခဲ့ရပါသည်။ ဒီနှစ်မှာတော့ မိဘတွေအလိုကျ နေထိုင်ခဲ့တဲ့အတွက် မိဘများက ကျေနပ် ၀မ်းသာကြပါသည်။ နှစ်ဆန်းတစ်ရက်နေ့က မနက်ပိုင်းတွင် ဘိုးဘွားများကို ခေါင်းလျော် လက်သည်းညှပ်ပေးပါသည်။ ငါးများလည်း လွတ်ပေးခဲ့ပါသည်။ ညနေကျတော့ ပရိတ်တရားတော်များကို ရွတ်ဖတ်ပူဇော်ခဲ့ပါသည်။ ဒီနှစ် သင်္ကြန် အလွန်ပျော်ရွှင်ခဲ့ ပါသည်။
No comments:
Post a Comment