Wednesday, May 7, 2008

အမြန်ဆုံး လွန်မြောက်နိုင်ပါစေ

သူငယ်ချင်းတို့ရေ . . . မေလ ၂ ၊ ၃ ရက်နေ့တွေမှာ ဖြစ်သွားတဲ့ ဆိုင်ကလုန်းမုန်တိုင်း (နာဂစ်)ကြောင့် ပြည်နယ် ၂ ခုနဲ့ တိုင်း ၃ တိုင်းက သူငယ်ချင်းတို့ရဲ့ ဆွေမျိုးမိတ်ဆွေ သင်္ဂဟတွေ မုန်တိုင်းဒဏ်ကို ခံခဲ့ရကြတာ စိတ်မကောင်းစရာပါ။ တာဝန်ရှိသူတွေ၊ စာနာထောက်ထားသူတွေကလည်း လေဘေးထောက်ပံ့မှု အကူအညီတွေ ပေးနေကြ ပါတယ်။ အိမ်နီးနားချင်း နိုင်ငံတွေကလည်း ထောက်ပံ့မှု အကူအညီတွေ ပေးနေကြ ပါတယ်။ လျှပ်စစ်၊ ရေ၊ စားဝတ်နေရေး၊ ဆက်သွယ်ရေး၊ ကျန်းမာရေး အခက်အခဲတွေ ပြေလည်အောင် အမြန်ဆုံး ပြန်လည်အဆင်ပြေအောင် တာဝန်ရှိသူ တွေက ဆောင်ရွက်နေကြပါတယ်။ ပိတ်ဆို့နေတဲ့ သစ်ပင်တွေ၊ အတားအဆီးတွေကို တာဝန်ရှိသူတွေ၊ လူမှုရေးအဖွဲ့အစည်းတွေနဲ့ ပြည်သူတွေ ၀ိုင်းဝိုင်း ဖယ်ရှား ရှင်းလင်းနေတာတွေ ရုပ်မြင်သံကြားမှာ တွေ့ပါတယ်။ လျှပ်စစ်ပြတ်တောက်မှု၊ ဆက်သွယ်ရေး၊ သွားရေးလာရေး အခက်အခဲတွေ၊ ဆုံးရှုံးမှုတွေကြောင့် ကုန်ဈေးနှုန်း တက်လာတာကိုလည်း ကိုယ်ချင်းစာနာမိပါတယ်။ သဘာဝရဲ့ ဘေးအန္တရာယ်ကို အတော်လေးခံလိုက်ရတဲ့ သူငယ်ချင်းများနဲ့ သူငယ်ချင်းတို့ရဲ့ ဆွေမျိုး မိတ်သင်္ဂဟတွေ ဒုက္ခဆင်းရဲအပေါင်းက အမြန်ဆုံးလွန်မြောက်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

သူငယ်ချင်းများ

No comments: