Thursday, May 8, 2008

ဆုတာင်းမိပါတယ်............

ကျွန်မတို့ မြန်မာပြည်ကို မရောက်စဘူး အရောက်ထူးခဲ့တဲ့ နာဂစ်မုန်တိုင်းဆိုးကြီးကြောင့် မြစ်ဝကျွန်းပေါ် ဒေသတွေဖြစ်တဲ့ အိမ်မဲမြို့မှာ ထိခိုက်သေဆုံး ၂ ဦး၊ မော်လမြိုင်ကျွန်း မြို့နယ်မှာသေဆုံး ၁၈၃၅ ဦးနှင့် ပျောက်ဆုံး ၂၁၈၇ ဦး၊ ဘိုကလေး မြို့နယ်မှာသေဆုံး ၂၀ ဦး၊ ဟိုင်းကြီးကျွန်း မြို့နယ်မှာသေဆုံး ၉၇၆ ဦး၊ အမာမြို့နယ်မှာသေဆုံး ၂၅၃ ဦး၊ ဒေးဒရဲမြို့နယ်မှာ သေဆုံး ၇၈၉ ဦး၊ ဖျာပုံမြို့နယ်မှာ သေဆုံး ၅ ဦး၊ ရန်ကုန် ဆင်ခြေဖုံးမှာသေဆုံး ၁၉ဦး၊ ကွမ်းခြံကုန်း မြို့နယ်မှာ သေဆုံး ၄၀ဦး၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတွင် စုစုပေါင်း သေဆုံး ၃၉၃၉ ဦးတို့ အပြင် ဘိုကလေးမြို့မှာ သေဆုံးသူ သောင်းဂဏန်းနှင့် လပွတ္တာမြို့နယ် မှာသေဆုံးသူ ထောင်ဂဏန်းတို့ ရှိနိုင်သဖြင့် ဆက်လက်စုံစမ်းနေကြောင်းလို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ကကြေညာသံ ကြားရတော့ ကျွန်မရဲ့ရင်ထဲမှာ မမျှော်လင့်ဘဲ အတိုင်းမသိ ၀မ်းနည်းခဲ့ရပါတယ်။
ဒါ့ကြောင့် ကျယ်ပြောလှတဲ့ ကျွန်မတို့ရဲ့ လူ့ဘ၀ပင်လယ် ပြင်ကြီးထဲမှာ မမျှော်လင့်ဘဲ ဒီလိုကြမ္မာဆိုး ကြရောက်ခဲ့တဲ့ ဒီဒေသက ပြည်သူတွေ အတွက် ဖြစ်လေရာ ဘ၀စက်တိုင်းမှာ ဒီလိုကြမ္မာဆိုးက ဝေးကြပါစေ....ကောင်းရာမွန်ရာရောက်ကြပါစေ.....လို့ မြတ်ဘုရားထံ ဆုတောင်း မိပါတယ်............
ခိုင်ဇင်

No comments: