Wednesday, May 14, 2008

စွန့်စားရဲရမယ်

သစ်စေ့ကလေး နှစ်စေ့က နွေဦးရာသီမှာ မြေသြဇာ ကောင်းမွန်တဲ့ မြေကြီးထဲမှာ ဘေးချင်း ယှဉ်ပြီး ရှိနေကြပါတယ်။
ပထမသစ်စေ့ကလေးကပြောတယ်-
``ငါတော့ အပင်အဖြစ် ကြီးထွားချင် လှပြီး ငါ့ရဲ့ အမြစ်တွေကို ငါ့အောက်က မြေကြီးထဲ ကို နက်သထက် နက်အောင် ပို့ချင်နေပြီ ပြီးတော့ ငါ့ရဲ့ အညှောင့်ကလေး တွေကိုလည်း ငါ့အပေါ်က မြေကြီး အပေါ်လွှာကို ထိုးဖောက်ပြီး ထွက်ပေးချင်တယ်။ နွေဦးရာသီကို ရောက်ပြီဆိုတာကို ကြွေးကြော်တဲ့ အနေနဲ့ ငါ့ရဲ့ နူးညံ့တဲ့ အဖူးလေးတွေကို ဖွင့်ပြပြီး ရဲတံခွန် အောင်လံကလေး တွေကို လွှင့်ချင်စမ်းပါဘိ။ ငါလေ နွေးထွေးတဲ့ နေရောင်ခြည် က ငါ့မျက်နှာပေါ်ကို ကျလာတာကို ခံစားကြည့် ချင်တယ်။ ပြီးတော့ ငါ့ရဲ့ ပွင့်ဖတ်တွေရဲ့ အပေါ်မှာ မနက်ခင်းမှာ ကျလာတဲ့ နှင်းပွင့်ကလေးတွေက ကောင်းချီ ပေးတာကိုလည်း ခံစားချင်လှတယ်´´
ပြီးတော့ သူက ပေါက်ရောက် ကြီးထွားလာတယ်။
ဒုတိယ သစ်စေ့ကလေးက ဒီလို ပြောပါတယ်-

''ငါတော့ ကြောက်တယ်ကွာ ငါ့ရဲ့ အမြစ်တွေကို မြေကြီးအောက်ထဲကို တိုးဝင်ရစေရ မှာဆိုတော့ မှောင်ထဲမှာ ဘာတွေနဲ့ တွေ့ရမှန်း မသိဘူးလေ။ ငါ့အပေါ်က မာကျောတဲ့ မြေကြီးကို ထိုးဖောက်ထွက် လိုက်ရင်လည်း ငါ့ရဲ့ နုနယ်တဲ့ အညှောင့် ကလေးတွေကို ထိခိုက်ချင် ထိခိုက်သွား နိုင်တယ်။ ငါ့ရဲ့အဖူးလေးတွေကို ထွက်လိုက်စေ တဲ့အခါ ခရု ကြီးကစားပစ် လိုက်ရင် ဘယ့်နှယ်လုပ်မလဲ။ ပြီးတော့ ငါ့ရဲ့ ပန်းပွင့်ကလေးတွေ ပွင့်လာ တဲ့အခါ ကလေးငယ် တစ်ယောက်က လာပြီး ဆွဲနှုတ်ချင် ဆွဲနှုတ်ပစ် လိုက်ဦးမှာ အို မဖြစ်ပါဘူး။ အန္တရာယ် ကင်းတဲ့အထိ ဒီလိုပဲ မြေကြီးထဲမှာ စောင့်နေတာက ပိုပြီး ကောင်းလိမ့်မယ်´´
ပြီးတော့ သူက စောင့်နေပါတယ်။
ကြက်မတစ်ကောင်က နွေဦးပေါက်မှာ အစာရှာဖို့ မြေကြီးကို ယက်လိုက်တဲ့ အခါ စောင့်နေတဲ့ သစ်စေ့ကလေးကို တွေ့သွားတယ်။ ကြက်မက ချက်ချင်းပဲ ကောက်ယူ စားပစ်လိုက် ပါတော့တယ်။
ဒီပုံပြင်လေးရဲ့ သင်ခန်းစာကတော့ စွန့်စားရှာဖွေပြီး တိုးတက်ကြီးပွား လာဖို့ကို ငြင်းပယ် တဲ့သူတွေဟာ နောက်ဆုံးတော့ ဘ၀ရဲ့ ၀ါးမျိုးပစ်ခြင်းကို ခံရတယ် ဆိုတာပါပဲ။
ဒီပုံပြင်လေးကို ဖတ်ပြီး သူငယ်ချင်းတို့လည်း ကျွန်မနှင့်ထပ်တူ စဉ်းစားဆင်ခြင် ကြည့်စေ ချင်ပါတယ်။လူငယ်တွေဆိုတာ အညွန့်တလူလူနဲ့ တိုးတက်ရာ တိုးတက်ကြောင်း တွေကို စိတ်အားထက်သန်စွာ ရှာဖွေ ကြိုးစားနေကြ သူတွေဖြစ်ပါတယ်။ အခုခေတ်မှာ လူငယ် တွေအတွက် ဆည်းပူးစရာ ပညာရပ်တွေ ကလည်း တိုးတက် များပြားပါတယ်။
သမ္မတကတော် Elanor Roosevelt ရဲ့ အဆိုအမိန့်က အားဆေးတစ်ခွက် လိုပါပဲ။ ``ကြေက်ရွံ့စိတ်ကို
သေသေချာချာ ရင်ဆိုင်ကြည့်ပြီး ရလာတဲ့ အတွေ့အကြုံ အားဖြင့် စွမ်းအား၊ သတ္တိနဲ့ ယုံကြည်မှုကို
သင်ရယူနိုင်ပါတယ်။ သင်က မလုပ်နိုင်ဘူးလို့ ထင်နေ တဲ့အလုပ်ကို သင်လုပ်ကို လုပ်ရပါမယ်´´ တဲ့။
သင်က ကြောက်ရွံ့စိတ်နဲ့ အလုပ်တစ်ခုကို ဖြစ်လာမှာ မဟုတ်ပါဘူးလို့ ထင်မြင်ပြီး မလုပ်ဘဲ နေလိုက်ရင် သင့်ဘ၀မှာ ဆုံးရှုံးမှု တစ်ရပ်နဲ့ တွေ့ကြုံရမှာပါပဲ။ မလုပ်နိုင်ပါဘူး လို့ ထင်တဲ့ အလုပ်ကို လုပ်နိုင်တဲ့ သူဟာ စွန့်စားရဲတဲ့သူ ဖြစ်ပါတယ်။ စွန့်စားတီထွင်ပြီး လုပ်ရင်းနဲ့ပဲ အတွေ့အကြုံအရ ခံနိုင်ရည် ရှိလာပြီး ကြောက်ရွံ့စိတ်က ပျောက်ကွယ် သွားမှာ ဖြစ်ပါတယ်။ အဲဒီအခါမှာ သင့်ဘ၀မှာ အောင်မြင်မှုကို ဆွတ်ခူးယူနိုင်တော့ မှာပါ ပဲ။
မဖြစ်နိုင်ဘူး ဆိုပြီး မလုပ်ဘဲနေရင် မဖြစ်ဖို့က သေချာပါတယ်။ မဖြစ်မနေ လုပ်မယ်လို့ ဆုံးဖြစ်လိုက်တာဟာ အောင်မြင်မှုအတွက် အဓိက လိုအပ်ချက် ဖြစ်ပါတယ်။ ဖြစ်အောင် လုပ်မယ်ဆိုတဲ့ လူတွေအတွက် ဖြစ်နိုင်တဲ့ နည်းလမ်းကောင်းတွေ တွေ့လာဖို့ သေချာလှ ပါတယ်။ စွန့်စားရဲကြပါစေလို့ ဆုတောင်းပြုရင်း သူငယ်ချင်းတို့တွေလည်း ဒီပုံပြင်လေး နှင့်ထပ်တူ သင်ခန်းစာယူပြီး စွန့်စားနိုင်ကြပါစေရန် ကျွန်မ ဖတ်ခဲ့ရသော စာရေးဆရာမ ဒေါ်ခင်စောတင့် ရေးသားထားသော စာအုပ်မှ မှတ်မိသလောက် သူငယ်ချင်းတို့ သိအောင် ဖော်ပြလိုက်ပါတယ်။ အမှားပါရင် ခွင့်လွှတ်ကြပါ…….
ယု

No comments: