ဘ၀၏ တန်ဖိုး
ကျွန်မတို့ အနေနဲ့ လူ့လောကကြီးထဲကို ရောက်ဖို့ဆိုတာ ဟိုးရှေးဘ၀က ကုသိုလ်ကံကြောင့် လို့လည်း ထင်ပါတယ်။ ဤ လူ့ကမ္ဘာ လောကကြီးထဲကို ရောက်ရှိနေတဲ့ အချိန်အတွင်းမှာ ဘ၀ကို တန်ဖိုးရှိရှိ အသုံးချ တတ်ဖို့ လိုမယ်လို့ ထင်မိပါတယ်။ ဒီလိုမှ မဟုတ်ရင် ရခဲလှတဲ့ လူ့ဘ၀ကြီးက ခဏလေး အတွင်းမှာပဲ အားလုံး ဆုံးရှုံးလိုက် ရသလို ခံစားမိ ပါလိမ့်မယ်။
သို့ဖြစ်၍ မိမိလက်ဝယ် ပိုင်ဆိုင်ခွင့် ရနေသမျှ ကာလပတ်လုံးတွင် လုပ်သင့် လုပ်ထိုက်တဲ့ အကြောင်းအရာ မှန်သမျှ မိမိဘ၀ တိုးတက်ရာ တိုးတက်ကြောင်းကို ရှာဖွေ၍ လုပ်ကိုင် ဆောင်ရွက် သင့်ပေသည်။ သို့မှသာ မိမိ ကိုယ်ကိုယ်တိုင်လည်း ဘ၀ခရီးလမ်း တစ်လျှောက် ချောမွေ့ ကောင်းမွန် နေပေလိမ့်မည်။ မိမိသည် ၀န်ထမ်းတစ်ယောက် ဖြစ်နေပါက မိမိ တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ရန်၊ ပေးအပ်သော တာဝန်အပေါ် မညည်းညူပဲနှင့် လုပ်ကိုင်ရန်၊ မိမိ ဌာနအပေါ် သစ္စာရှိရန်နှင့် မိမိ တတ်ကျွမ်း သမျှကို ချန်လှပ်ခြင်း မရှိဘဲ ဆောင်ရွက်နိုင်အောင် မိမိကိုယ့်ကိုယ် လေ့ကျင့် ထားပေရမည်။ သို့မှသာ ၀န်ထမ်း ကောင်း တစ်ယောက် ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် မိမိသည် ရခဲလှသည့် လူ့ဘ၀ကို တန်ဖိုးထားပြီး ဘ၀ရည်မှန်း ချက် ပန်းတိုင်ကို အရောက်သွား နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။
သက်
်
No comments:
Post a Comment