လူငယ်နှင့် ရည်မှန်းချက်
ကျွန်မတို့ လူငယ်တွေရဲ့ ရည်မှန်ချက်ကို သိစေချင်ပါတယ်။ ကျွန်မတို့ လူငယ်တွေ ကြိုးစားသင့်တယ်။ ရည်မှန်းချက်ကို ဘယ်လို ထားသင့်တယ် ဆိုတာ သိစေချင်ပါတယ်။ လူတစ်ယောက်ရဲ့ ဘ၀ဆိုတာ စွန့်စားမှုပဲ မဟုတ်လား။ မစွန့်စားရင် ဘ၀မဖြစ်နိုင်ဘူး… အခက်အခဲမှ မရှိရင် အောင်မြင်ဖို့ ဘာအခွင့်အလမ်းမှ မရှိပါဘူး။ မဖြစ်နိုင်ဘူးဆိုပြီ ဘာမှမလုပ်ဘဲ ထိုင်နေမယ်ဆိုရင် မဖြစ်ဖို့က သေချာနေပါသည်။ အခက်အခဲတွေကို ကျော်လွှားနိုင်တဲ့သူဟာ အောင်မြင်တဲ့သူု ဖြစ်လာနိုင်ပါသည်။ ကျွန်မတို့ လူငယ်တွေ ဘာတွေ လုပ်နေကြသလဲဆိုရင် တချို့ကြတော့ လုပ်ငန်းတွေ ကုမ္ပဏီတွေမှာ နေရာကောင်းတွေ ရနေတာ တွေ့ရပါသည်။ ကိုယ်ပိုင်လုပ်ငန်းတွေ တည်ဆောက်နိုင်တဲ့ သူတွေလည်း ရှိပါသည်။ တစ်ချို့လည်း ဘွဲ့တစ်ခု ရထားပေမယ့် ကားမောင်းတဲ့ အလုပ်ကို လုပ်နေကြရပါသည်။ လခကောင်းကောင်း ရပေမယ့် ရှေ့ကို တိုးတက်မှု ဘာမှမရနိုင်ကြရပါ။ ဒီအလုပ်မျိုးနဲ့တော့ ရပ်ဆိုင်း မနေစေချင်ပါဘူး။ ဒီထက် အဆင့်မြင့်တဲ့ နေရာရဖို့ ကြိုးစားစေချင်ပါသည်။ ဘယ်လို အလုပ်မျိုးပဲ ဖြစ်ဖြစ် စိတ်ဓာတ် အင်အားအပြည့်နဲ့ ဇွဲ၊ ၀ီရိယထည့်ပြီး တစိုက်မတ်မတ် လုပ်မယ်ဆိုရင် ရည်မှန်းချက် အတိုင်း အောင်မြင်မှာပါ။ ဘယ်လို အသက်မွေး ၀မ်းကျောင်း ပညာကို ရွေးချယ်သည် ဖြစ်စေ၊ အမြင့်ဆုံးကို မျှော်မှန်းထားဖို့တော့ လိုအပ်ပါသည်။ ငွေရှာတာပဲ ဘယ်လိုပဲရရ ဒီလောက် အဆင့်နဲ့ဆိုရင် တော်လောက်ပါပြီ လို့ပေါ့ပေါ့လေး သဘောမထား စေချင်ပါဘူး။ ဘ၀ဆိုတာ ဒီလိုပါပဲ ရုန်းကန်ကြီုးစားပြီး လောကဓံတရားကို အမျိုးမျိုးနဲ့ ရင်ဆိုင်ပြီးမှသာ မိမိလိုရာ ပန်းတိုင်ကို ရောက်ကြရပါတယ်။ ရုပ်ပိုင်း အောင်မြင်မှုနဲ့ တိုင်းတာပြီး ကျေနပ်မနေစေချင်ပါဘူး။ အဆင့်မြင့်တဲ့ စိတ်နေသဘောထားနဲ့ အသိဥာဏ် ရင့်ကျက်သူတွေ ဖြစ်လာအောင် ကြိုးစားကြပါလို့ တိုက်တွန်းလိုက်ပါ သည်။
No comments:
Post a Comment