Thursday, May 22, 2008

ဒီဘ၀မှာ ဆုံဆည်းချင်ပါသေးတယ်……..သူငယ်ချင်းတို့ရယ်

အဝေး တစ်နေရာဆီ ရောက်နေသော သူငယ်ချင်းတို့ရေ ဒို့တွေ ဒီဘ၀မှာ ပြန်ဆုံနိုင်ပါ့ အုံးမလား မင်းတို့နဲ့ ပြန်ဆုံခွင့်ကို ဒို့မျှော်လင့်လျက်ပါ ပြန်ဆုံနိုင်ပါစေလို့ ဒို့ဆုတောင်းနေ မိပါတယ်။ ဟိုအရင်အချိန်က ပုံရိပ်လေး တွေကို ဒို့မြင်ယောင် အမှတ်ရနေသလို မင်းတို့လည်း ဒို့လိုဘဲ မြင်ယောင်နေမယ်လို့ ထင်မိပါတယ်။ တစ်ယောက် တစ်နေရာဆီ ရှိနေကြပေမဲ့ ဒို့ရဲ့ စိတ်ထဲမှာတော့ မင်းတို့တွေနဲ့ နီးနီးလေးမှာ ရှိနေသလိုပါဘဲ။ မင်းတို့ကို အချိန်တိုင်း သတိရလျက်ပါ။ သတိရနေဆဲပါ။ မင်းတို့နဲ့ ဆုံဆည်းခွင့်ကို မျှော်လင့်လျက်…………..

အချစ်ဆုံး သူငယ်ချင်းများ…သို့

ယု

No comments: