Friday, May 9, 2008

ဆရာတစ်ယောက်အကြောင်း

ကျွန်မ အားအကျဆုံး ဆရာတစ်ယောက် ရှိပါသည်။ ကျွန်မလေးစားရဆုံး ဆရာတစ်ယောက်လည်း ဖြစ်ပါသည်။ ကျွန်မတို့ကို မိဘသဖွယ် ပြောဆိုဆက်ဆံတတ်တော့ သူတစ်ယောက် ဖြစ်ပါသည်။ ကျွန်မတို့ လိုအပ်မှုကို အပြည့်အ၀ ကူညီစောင့်ရှောက် သူတစ်ယောက်လည်း ဖြစ်ပါသည်။ ကျွန်မတို့ ဆရာအပေါ် ဘယ်လိုပဲ ဆက်ဆံ ဆက်ဆံ ဆရာကမှားသည် ရိုင်းစိုင်းသည်ဟု ဘယ်တော့မှ မပြောခဲ့ပါဘူး။ ဆရာတိုင်း လိုလိုတော့ ကောင်းကြပါသည်။ ကျောင်းဆရာ ဆိုရင်လည်း ကျောင်းမှာရှိတဲ့ ကိုယ့်ရဲ့တပည့်တွေကို မိဘသဖွယ် ပြောဆိုဆက်ဆံပါသည်။ ရုံးမှာရှိတဲ့ အထက် အရာရှိတွေဆိုလည်း ကိုယ့်ရဲ့လက်အောက် ငယ်သားတွေကို သားသမီးတစ်ယောက်လို ပြောဆိုဆက်ဆံပါသည်။ ကိစ္စအ၀၀ကိုလည်း တာဝန်ယူ ဆောင်ရွက်ပေးပါသည်။ နယ်မှ အလုပ်လုပ်ရတဲ့သူတွေ အဖို့တော့ ဆရာကောင်း တစ်ယောက်ကိုရဖို့ အလွန်ခက်ခဲ့ပါသည်။ ကျွန်မတို့ မိဘတွေနဲ့ ခွဲရပြီး အလုပ်လာလုပ် ရပါတယ်။ တာဝန်အရပေါ့။ အဲဒီလို မိဘတွေနဲ့ ခွဲနေပေးမယ့်လည်း ကျွန်မတို့ အထက်အရာရှိများသည် မိဘသဖွယ် ညီအစ်ကို မောင်နှမလို သဖွယ်ပြုမှု ပြောဆို ဆက်ဆံပါသည်။ ကျွန်မတို့ အလွန်ပျော်ရွှင်ရပါသည်။ ကျွန်မတို့ မောင်နှမလို ပြောဆို ဆက်ဆံရတာ ကောင်းပါသည်။ တစ်ယောက်နဲ့ တစ်ယောက် ပြောဆို ပွင့်လင်းကြပါသည်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင် ရှိကြပါသည်။ ဆရာတွေရဲ့ ဆုံးမမှုအောက်မှာ လိမ်မာယဉ်ကျေးစွာ ပြောဆိုပြုမှု နေထိုင်ကြပါသည်။ ဆရာတစ်ယောက်ကို အကောင်းမြင် ရှုစိတ်နဲ့ စိတ်စေတနာ ကောင်းကောင်း ပြုမှုပြောဆို နေထိုင်တတ်ကြပါလို့ ကျွန်မပြောပြလိုက်ပါသည်။

ခိုင်သဇင်

No comments: