သက်တန့်ရောင်နှလုံးသား
ကမ္ဘာပေါ်တွင် ရှိသော လူသားအားလုံး၏ နှလုံးသားတိုင်းသည် မိမိတို့ နေထိုင်ကျက်စားရာ ပတ်ဝန်းကျင် အခြေအနေနှင့် အချိန်အခါကို လိုက်၍ ပြောင်းလဲတတ်ကြသည်။ ဥပမာအားဖြင့် ဖြူစင်နှလုံးသား ပိုင်ရှင် တစ်ယောက်သည် မိမိမူလ ပတ်ဝန်းကျင်တခုကို ရောက်ရှိပါက ယင်းပတ်ဝန်းကျုင်း၏ ရိုက်ခတ်မှုကြောင့် တစ်ကြိမ်တစ်ခါတွင် မပြောင်းလဲလျှင်သော်မှ အကြိမ်ကြိမ် အဖန်ဖန် ရိုက်ခတ်လာသော အခါ ကြံ့ကြံ့မခံနိုင်ဘဲ ပတ်ဝန်းကျင်၏ အခြေအနေအတိုင်း အနည်းနှင့်အများ ပြောင်းလဲလာကြသည် ချည်းပင်ဖြစ်သည်။ အဆင့်အတန်း မြင့်မားသော ပညာတတ် အသိုင်းအ၀ိုင်းသို့ ရောက်ရှိသွားသော သူသည် ပညာတတ် လူထူချွန်တစ်ယောက် မဖြစ်လာလျှင်သော်မှ အဆင့်အတန်း မြင့်မြင့်မားမား နေတတ်ထိုင်တတ်သော လူတစ်ယောက် ဖြစ်လာမည်။ သက်တန့်ရောင်များကဲ့သို့ အရောင်များ ပြောင်လဲတတ်သော လူအများကြီးရှိသလို သက်တန့်များကဲ့သို့ အဓိပ္ပါယ်ရှိသော လူသားတွေလည်း ရှိကြပါသည်။
သက်တန့်ရောင် များထဲမှာ အဖြူရောင်သည် ဖြူစင်တဲ့ နှလုံးသား ပိုင်ရှင်များ အတွက်ဖြစ်သည်။ ဖြူစင်တဲ့ ပိုင်ရှင်များသည် စိတ်ဓါတ်ရေရာတွင်လည်းအလွန်ကောင်းပါသည် ကျွန်မတို့တတွေလည်း ဖြူစင်တဲ့ နှလုံးသားပိုင်ရှင်များ ဖြစ်အောင် အစဉ်အမြဲကြိုးစား ကြပါလို့။ အပြာရောင်သည် နုညံ့မှုကို ပေးတဲ့ နှလုံးသား ပိုင်ရှင်များ အတွက်ဖြစ်ပေသည်။ အပြာရောင်သည် ငြိမ်ချမ်းရေး ပေးသလို တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင် ရင်းနှီးပြောဆိုဆက်ဆံတတ်အောင် လုပ်ပေးတတ်ပါသည်။ အနီရောင်သည် ရဲရင့်တဲ့ နှလုံးသား ပိုင်ရှင်များ ဖြစ်ကြသည်။ အနီရောင်သည် ရဲရင့်ပြတ်သားစွာ လုပ်ဆောင်နိုင်သည် လို့ လူသားတွေ ဆိုထားပါတယ်။ သူအရောင်လိုပဲ ကျွန်မတို့ ကိစ္စုတိုင်း ရဲရဲရင့်ရင့် ဆောင်ရွက်နိုင်ကြစေဖို့ လိုပါတယ်။ ပန်းရောင်သည် အချစ်ကြီးသော နှလုံးသားပိုင်ရှင်များ အတွက်သာဖြစ်သည်။ ပန်းရောင်ကဲ့သို့ လူသားတို့ အချင်းချင်း ချစ်တတ်ကြပါစေ။ တစ်ယောက်နှင့်တစ်ယောက် သံယောဇင်များ ထားတတ်ကြပါစေလို့ တိုက်တွန်းနှိုး ဆော်လိုက်ပါသည်။ အစိမ်းရောင်သည် မာကျော ပြတ်သားသော နှလုံးလှပိုင်ရှင်များဖြစ်ကြသည်။ အစိမ်းရောင်များကဲ့သို့ ပြတ်သားသောလည်း အရာရာတိုင်းမဟုတ်ပါ ပြတ်သားသင့်သောကိစ္စများကိုသာ ပြတ်သာကြပါလို့ ပြောချင်ပါသည်။ ထို့ကြောင့် အရောင်ပြောင်းလဲလွဲသော နှလုံးသားလို ပိုင်ဆိုင်ထားသော ကျွန်ုပ်တို့ လူသားများသည် ပတ်ဝန်းကျင်ကောင်းလို ဦးနှောက်နှင့် အသိယှဉ်တွဲလေ့လာ၍ နေထိုင်တတ်ကြဖို့ လိုပေသည်။ ဘလော့ဖတ်တဲ့ သူငယ်ချင်းများလည်း သက်တန့်ရောင်နှလုံးသား ပိုင်ရှင်များဖြစ်နိုင်ကြပါစေ။

ခိုင်သဇင်
No comments:
Post a Comment