ငွေရဲ့ တန်ဖိုး
ကျွန်မတို့ မှရှိတဲ့ ငွေကို အချိန်နှင့်အခါ လိုက်၍ သုံးတတ်ရပါသည်။ ကျွန်မတို့ အလုပ်လုပ်ကြရတာ အဲဒီငွေ အတွက် လုပ်နေကြ ရတာပဲ ဖြစ်ပါသည်။ ငွေရှိမှ စားဝတ်နေရေး အတွက်ပဲဖြစ်ပါသည်။ ကျွန်မတို့ အလုပ်ကိုယ်စီလုပ်နေကြရတာ ကိုယ့်စားဝတ် နေရေးအတွက်ပဲ ငွေရှာနေရတာပဲဖြစ်ပါသည်။ ငွေရှိမှ အစား စားလို့ရမယ်။ အ၀တ်အထည် များဝတ်ဆင် နိုင်ပါမည်။
ကျွန်မတို့ သူငယ်ချင်းတစ်ချို့သည် သူတို့မိသားစုအတွက်ပါ ငွေ ကိုရှားရပါသည်။ ကမ္ဘာမှာ လူတွေသတ်မှတ် ထားတယ်လေ ငွေရှိမှ အရာရာပြီးပြည့်စုံမယ်လို့ ကြားဘူးပါတယ်။ တကယ်လက်တွေ့မှာ အမှန်ပင် ဖြစ်ပေသည်။ တစ်ချို့ ငွေမရှိလို့ ဘ၀ပျက်သွားတဲ့ မိန်းခလေး ယောက်ျားလေးတွေ အများကြီးရှိကြပါသည်။ အဲဒီ အတွက် ငွေကို သေသေချာချာ သုံးစွဲတတ်ဖို့ လိုပါတယ်။ ငွေ ရဲ့တန်ဖိုးကို သိတတ်နားလည်နိုင်ဖို့ဆိုတာ လွယ်လွယ်နဲ့ မဖြစ်နိုင်ပါဘူး။ လူတစ်ယောက် ဖြစ်သင့်ဖြစ်ထိုက်တဲ့ အရာပဲဖြစ်တယ်။ ငွေမရှိရင် လူတွေရဲ့ စိတ်ဓာတ်က အလိုလို ကြနေကြပါသည်။ မျှမျှတတ ချင်ချိန်စဉ်းစားတတ်မှ အကျိုးရရှိပေလိမ့်မည်။ လူသည် ငွေမရှိဘဲ မနေနိုင်၊ ငွေမရှိဘဲနေ၍မရ၊ ငွေမရှိဘဲနေ၍မဖြစ်ပါချေ၊ ထိုအသူ လူတစ်ယောက်သည် ငွေမရှိ၍ အသက်မရှင်မနိုင်ပါ။ ငွေကြောင့် ဘ၀ပျက်သလို ငွေကြောင့် ဘ၀တက်သွားတဲ့ လူတစ်ယောက်ရှိပါသည်။ ဒါကြောင့် ငွေရဲ့ တန်ဖိုးကို အဓိက ထားတတ်ကြဖို့လိုပါသည်။
No comments:
Post a Comment