Tuesday, May 20, 2008

သူငယ်ချင်းများ အကြောင်း

ကျွန်မတို့ သူငယ်ချင်း သုံးယောက် ရှိပါသည်။ ကျွန်မရဲ့ သူငယ်ချင်း နှစ်ယောက်က အလွန်ကောင်းပါသည်။ ကျွန်မအပေါ် အရမ်း ဂရုတစိုက် ရှိကြပါသည်။ သူတို့နှစ်ယောက် ရဲ့ စိတ်ဓာတ်ကတော့ အလွန်ခိုင်မာပါသည်။ အလုပ်ကိုလည်း အလွန်ကြိုးစား ကြပါသည်။ သူတို့ နှစ်ယောက်နဲ့ နေရတာ အလွန်ပျော်ပါသည်။ ကျွန်မရဲ့စိတ်ကို နားလည်သူများလည်း ဖြစ်ပါသည်။ အလွန်ပင် စိတ်သဘောထား ကောင်းတဲ့သူများ ဖြစ်ကြပါသည်။ ကျွန်မတို့ သူငယ်ချင်း သုံးယောက်က အလွန်ချစ် ကြပါသည်။ ကျွန်မတို့ အလုပ်လည်း အတူတူ လုပ်ရပါသည်။ ကျွန်မတို့ မိဘတွေ ထက်တောင် သူတို့နဲ့ အရမ်းရင်းနှီးမှု ရှိပါသည်။ တစ်ယောက်ကို တစ်ယောက် ဖေးဖေးမမ ရှိကြပါသည်။ ကျွန်မတို့က မိဘတွေနဲ့ဝေးပြီး တာဝန်နဲ့ အလုပ်လာလုပ်ရတဲ့ သူတွေဆိုတော့ အဆောင်တွေမှာ နေရပါသည်။ အဆောင်ကြတော့ ကိုယ့်ညီအစ်မတွေလို ဆက်ဆံကြပါသည်။ ရင်းရင်းနှီးနှိး ရှိကြပါသည်။ ကျွန်မတို့ သုံးယောက်က အမြဲတစေ အတူတူ နေပါသည်။ ကျွန်မတို့က ရုံးမှာလဲ အတူတူ အဆောင်မှာလဲ အတူတူ ဆိုတော့ ညီအစ်မ အရင်တွေလို ဖြစ်နေကြပါသည်။ တစ်ယောက် စိတ်ညစ်စရာရှိရင် အကုန်လုံးပါ စိတ်ညစ်ရပါသည်။ ပျော်စရာရှိရင်လည်း သူငယ်ချင်း သုံးယောက်လုံး ပျော်ကြပါသည်။ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ကြပါသည်။ အရင်းနှီးဆုံးများလည်းဖြစ်ကြပါသည်။ ကျွန်မတို့လိုပဲ သူငယ်ချင်း များရှိကြရင် တစ်ယောက်နှင့် တစ်ယောက် အပြိုင်အဆိုင် မထားကြပါနဲ့လို့ တိုက်တွန်းအပ်လိုက်ပါသည်။ သူငယ်ချင်း တွေလို သဘောမထားပဲ ညီအစ်မအရင်းတွေလို သဘောထားကြပါလို့ တိုက်တွန်းအပ်လိုက်ပါသည်။

ခိုင်သဇင်

No comments: