Thursday, May 8, 2008

ရက်မြတ်ဆင်နွှဲ ဒို့အောင်ပွဲ

  • မိုးလင်းလုနီးအရုဏ်ကျင်းလို့ နေမင်းရဲ့ရောင်နီ

ရွှေရည်ပက်ဖျန်း ရွာလမ်းပေါ်ကျ

မျှော်လိုက်ရဒီရက် အဖျက်သမားလက်ချက်ကြောင့်

ပျက်ပြက်သွားမှာလားစိတ်ပူ

လက်ကူလို့ရေတွက် ဘုရားတက်ရတာအလီလီ

တိုင်းပြည်အတွက်ဆုမွန်ကောင်း

အားလုံးအေးငြိမ်းစေကြောင်း ဆုတောင်းခဲ့ပါသည်

  • အဖေကရေရွတ် တတွတ်တွတ်မြည်

´ မဲပေးမည်ဆိုကာမှ ငါ့လုံချည်အသစ်ကဘယ်မှာ`

ရယ်စရာအူနှိပ် အဖေ့စိတ်ကိုဖြောင်းဖျ

ရပါတယ်အဖေ ရေရာတဲ့အနာဂတ်

ဆုံးဖြတ်တဲ့သားတို့မှာ သစ်စရာမလိုလုံချည်

ခိုင်ကျည်စွာဆုံးဖြတ် စိတ်ဓာတ်အသစ်နဲ့

ပျစ်ပျစ်နှစ်နှစ်ထောက်ခံဖြစ်ဖို့သာလိုပါသည်။

  • အဖေကထိုင်ပြန်တော့ အမေကမှိုင်ပြန်သည်

´ ငါ့မျက်လုံးမွဲသီသီနဲ့ ခပ်ပီပီဘယ်လိုအမှန်ခြစ်ရလိမ့်

ဖြစ်မှဖြစ်ရလေအမေရယ် တစ်ခုလေတစ်ခုတည်း

ဒီလိုအမှန်လေး ဆွဲလိုက်ရုံနဲ့

ရှိတဲ့အမေ့အခက် အကုန်ကျေပျက်

တိုင်းပြည်အတွက်လည်း ရတက်အေး

အမေ့ရှေ့ရေးတွေခိုင်ပါပြီ။

  • ဒီလိုနဲ့မိသားစုတစ်စု အာရုံပြုတာကမဲရုံဆီ

မှတ်ပုံတင်ကိုယ်စီဆွဲလို့ ဖျက်ရဲတဲ့လူလာကြစမ်း

ရွာလမ်းတစ်လျောက် ရင်ကော့လို့လျှောက်

တစ်ရွာလုံးပါ တူညီဝင်နွှဲလို့

အောင်ပွဲဆီချီတက်ကြတော့မည်

ခိုင်ဇင်

No comments: