Friday, November 28, 2008

သူတစ်ပါးကို ခုတုံးမလုပ်နှင့်

မိမိ၏ ဘ၀ကို အောင်မြင်အောင် တည်ဆောက်ရာ၌ မည်သူတစ်ဦး တစ်ယောက်ကိုမျှ ခုတုံးသဖွယ် အသုံးမချသင့် မိမိ၏ ရည်ရွယ်ချက် ပန်းတိုင်သို့ ရှေးရှုလျှောက်လှမ်းရာ၌ မည်သူတစ်စုံ တစ်ယောက်ကိုမျှ တွန်းတွန်းထိုးထိုး မလုပ်သင့်။ တိုက်တိုက်ခိုက်ခိုက် မလုပ်သင့် ။ သူတစ်ပါးတို့၏ မျက်ရည်ပေါက်များစွာကို အရင်းအနှီးပြုလျက် မိမိ၏ ကြီးပွားချမ်းသာ မှုကို မရှာသင့်ကြောင်း၊ တစ်ခဏတာ ကြီးပွားချမ်းသာမှုပဲရရှိနိုင်မည်ဖြစ်ကြောင်း၊ ၀ဋ်ဆိုတာမျိုးက တန်ပြန်လည်တတ် ကြောင်းကို သူငယ်ချင်းများ သိအောင် စေတနာလေးနှင့် ရေးသားပေး လိုက်ပါတယ်။

ခိုင်ဇင်

1 comment:

Welcome said...

ပို့စ်တိုင်း ပို့စ်တိုင်းမှာ စာဖတ်သူတွေအတွက် ပေးချင်တဲ့ စေတနာတွေကို မြင်ပါတယ်။ ဘလောဂ့်ကောင်းလေးတစ်ခု တိုးဖတ်ရတဲ့ အတွက် ပျော်ရွှင်မိပါတယ်။ အားပေးလျက်ပါ။

http://winzaw-mdy.blogspot.com/