Friday, November 14, 2008

အနက်ရောင်သစ်သီးဝလံများ

စိတ်အလိုမကျရင်

ကိုယ့်ဘဝကိုယ်မီးတင်ရှို့ပြီး

နီရိုးဘုရင်ကြီးလို တယောထိုင်ထိုးနေမယ်

စိတ်အလိုကျရင်

ကိုယ့်ဘဝကိုယ်တံတားခင်းပြီး

နင်းလိုရာနင်း ဖြည့်ဆည်းပေးနေမယ်။

စိတ်ကတက်လွယ်ကျလွယ်

ဂစ်တာကို နံရံမှာရိုက်ချိုးဖို့ဝန်မလေးပေမယ့်

ပန်းပွင့်တွေကို အလဟဿမနင်းချေတတ်သူ

ဘဝကို ကျောက်တုံးလို တွန်းတင်ပြီး

ကျောက်တုံးလို ပြန်လှိမ့်ချမိတယ်။

ငါတို့လိုအပ်တာ

မျှော်လင့်ချက်၊ ပျော်ရွှင်မှုနဲ့

မိုက်ရူးရဲစိတ်အနည်းငယ်သာ။

အိပ်မက်မြူJustify Full

No comments: