Monday, December 8, 2008

သင်သေသွားသော်

သြော် . . . လူပြည်လောက၊ လူ့ဘဝကား
အိုရနာရ၊ သေရဦးမည်
မှန်ပေသည်တည့် ။

သို့ပြီးတကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏
ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏

သင်ဦးချ၍၊ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျှက်ဝင်းလျှက် ကျန်စေသတည်း။

ဇော်ဂျီ
အိုးဝေမဂ္ဂဇင်း၊ အတွဲ-၅၊ အမှတ်-၁၊ ဒီဇင်ဘာ ၁၉၃၅။

1 comment:

Welcome said...

ကဗျာကောင်းလေးကို ပြန်မျှဝေပေးလို့ ကျေးဇူး

http://winzaw-mdy.blogspot.com/